ယူကရိန်းအရေး နှုတ်ဆိတ်နေသည့်အတွက် Huawei ဘုတ်အဖွဲ့ဝင်များ နုတ်ထွက်

ယူကရိန်းအရေး နှုတ်ဆိတ်နေသည့်အတွက် Huawei ဘုတ်အဖွဲ့ဝင်များ နုတ်ထွက်

Huawei UK ၏ အမှုဆောင်အဖွဲ့မှ မဟုတ်သော ဒါရိုက်တာ ၂ ဦးသည် ယူကရိန်းအရေးနှင့် ပတ်သက်၍ ကုမ္ပဏီ၏ ရပ်တည်ချက်ကြောင့် ရာထူးမှ နုတ်ထွက်သွားသည်။

ဆာအင်ဒရူးကန်နှင့် ဆာ ကန်အိုလီဆာတို့က ရုရှားကျူးကျော်မှုကို လျင်မြန်စွာ ရှုတ်ချရန် ကုမ္ပဏီက ပျက်ကွက်ခဲ့ခြင်းကြောင့် ၎င်းတို့အနေဖြင့် တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် မသင့်တော်ဟု ခံစားခဲ့ရကြောင်း BBC က သိရှိခဲ့သည်။

Huawei UK က ၎င်းတို့၏ တန်ဖိုးမဖြတ်နိုင်သော ဦးဆောင်လမ်းပြခြင်းအတွက် ယင်းတို့ ၂ ဦးလုံးကို ကျေးဇူးတင် ကြောင်း ပြောကြားခဲ့သည်။

Huawei သည် ယူကရိန်းကို ရုရှား၏ ကျူးကျော်မှုကို လျင်မြန်စွာ ရှုတ်ချသင့်သည်ဟု ၎င်းတို့ ၂ ဦးစလုံး က ယူဆထားသည်။

ကုမ္ပဏီအတွက် ရှုပ်ထွေးသောအခြေအနေတစ်ခုဖြစ်သော်လည်း ကုမ္ပဏီ၏ရပ်တည်ချက်သည် UK ဘုတ် ဒါရိုက်တာများအဖြစ် ၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကွဲလွဲနေကြောင်း ၂ ဦးစလုံးက ယူဆထားသည်။

" ဆာအင်ဒရူးကန်နှင့် ဆာကန်အိုလီဆာတို့ကို ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ခုနှစ်တွေမှာ Huawei UK ရဲ့ ဒါရိုက်တာဘုတ် အဖွဲ့တွေအဖြစ် ခန့်အပ်ခြင်းခံတဲ့အခါမှာ ကမ္ဘာ့ စီးပွားရေးနဲ့ နည်းပညာလောကမှ အတွေ့အကြုံအမြောက်အများကို ယူဆောင်လာခဲ့ပါတယ်” ဟု Huawei မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

"၂ ဦးစလုံးက ဗြိတိန်အတွက် Huawei ရဲ့ ကတိကဝတ်ကို အခိုင်အမာ ထောက်ခံကြောင်း ပြသခဲ့ကြပြီး ကော်ပိုရိတ်အုပ်ချုပ်မှုရဲ့ အမြင့်ဆုံးစံနှုန်းတွေကို ထိန်းထားနိုင်ခဲ့ပါတယ်"

ရုရှားသို့ နည်းပညာ တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များကို ချိုးဖောက်ခြင်း မပြုရန် အမေရိကန်က တရုတ် ကုမ္ပဏီများကို သတိပေးချိန်တွင် ၎င်းတို့၏ ရာထူးမှ နုတ်ထွက်ကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly