တရုတ်၏ ၂၀၂၂ ခုနှစ်အတွက် ဝင်ငွေနှင့် အသုံးစရိတ်အခြေအနေ ဆက်လက် ဆိုးရွားနေ

တရုတ်၏ ၂၀၂၂ ခုနှစ်အတွက် ဝင်ငွေနှင့် အသုံးစရိတ်အခြေအနေ ဆက်လက် ဆိုးရွားနေ

တရုတ်အမျိုးသားစာရင်းအင်းဗျူရို၏ အချက်အလက်များအရ တရုတ်နိုင်ငံသည် ဆယ်စုနှစ် ၄ ခုအတွင်း အနိမ့် ဆုံးစီးပွားရေး တိုးတက်မှုနှုန်းကို မှတ်တမ်းဝင်သွားပြီးနောက် ၂၀၂၂ ခုနှစ်တွင် အစိုးရ၏ ဝင်ငွေနှင့် အသုံးစရိတ် အခြေအနေသည် ဆိုးရွားနေဆဲဖြစ်ကြောင်း အစိုးရ ဘတ်ဂျက်ဆိုင်ရာ အချက်အလက်များက ဖော်ပြနေသည်။

တရုတ်နိုင်ငံတော်ကောင်စီ၏ နှစ်ပတ်လည်လုပ်ငန်းအစီရင်ခံစာတွင် ၂၀၂၂ ခုနှစ် ဘတ်ဂျက်အခြေအနေနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) ၏ လူမှုစီးပွားကိစ္စရပ်များဆိုင်ရာ အစီရင်ခံစာ တို့ကို အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) နှင့် အမျိုးသားကော်မတီ၏ အစည်းအဝေးနှစ်ခုတွင် တင်ပြခဲ့ပြီး တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) သည် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ၂၀ ကြိမ်မြောက်ပါတီကွန်ဂရက်မတိုင်မီ စီးပွားရေးနှေးကွေးမှုအတွက် စိုးရိမ်မှုများကို အလေးပေးဖော်ပြခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြထားသည်။

နှစ်ပတ်လည် လုပ်ငန်းအစီရင်ခံစာတွင် တရုတ်၏ ပြင်ပအနေအထားကို မငြိမ်မသက်ဖြစ်မှု များလာနေခြင်း၊ ဆိုးရွားပြီး မသေချာမရေရာမှုများအဖြစ် စိုးရိမ်ပူပန်မှုများကို ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၁၉၇၆ခုနှစ်တွင် ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးနောက်ပိုင်း အနိမ့်ဆုံးဖြစ်ခဲ့သည်။

" တရုတ်၏ ဂျီဒီပီသည် ပဏာမခန့်မှန်းချက်အရ ၂၀၂၀ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၆၈ ထရီလီယံခန့် ရှိပြီး ၂၀၂၁ခုနှစ် အလားတူကာလထက် ၂ ဒသမ ၃ ရာခိုင်နှုန်းတိုးလာသည်" ဟု NBS အစီရင်ခံစာကို ကိုးကား၍ Sputnik က ဖော်ပြခဲ့သည်။

စာရင်းအင်းဗျူရို၏ အဆိုအရ တရုတ်စီးပွားရေးသည် ၂၀၂၀ပြည့်နှစ် ပထမ၃ လပတ်တွင် ဝ ဒသမ ၇ ရာခိုင်နှုန်းသာ (ပထမ၃လပတ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းပြီး ဒုတိယ ၃လပတ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းနှင့် တတိယ၃ လပတ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်) တိုးတက်ခဲ့သည်။ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းလာခဲ့သည်။

တရုတ် စီးပွားရေးသည် ဝယ်လိုအားကျုံ့ခြင်း၊ ရောင်းလိုအား မတည်ငြိမန်ခြင်းနှင့် အလားအလာ အားနည်းခြင်း စသည့် ဖိအား ၃ ရပ်နှင့် ရင်ဆိုင်နေရကြောင်း မကြာသေးမီက ဗဟိုစီးပွားရေးလုပ်ငန်း ညီလာခံက အသိအမှတ် ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly