အာဖဂန်နစ္စတန် အလယ်ပိုင်းပြည်နယ်၌ ခရီးသွားများ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းကို တာလီဘန်တို့ တားမြစ်

အာဖဂန်နစ္စတန် အလယ်ပိုင်းပြည်နယ်၌ ခရီးသွားများ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းကို တာလီဘန်တို့ တားမြစ်

အာဖဂန်နစ္စတန် အလယ်ပိုင်း ပြည်နယ်တစ်ခုဖြစ်သည့် ဂေါ်ပြည်နယ်တွင် ခရီးသွားများ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးမှုအပေါ် တာလီဘန်တို့က ပိတ်ပင်တားမြစ်ထားသည်။

ဂေါ်ပြည်နယ်ရှိ တာလီဘန် သတင်းပြန်ကြားရေးရုံးက မတ်လ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြေညာချက်အသစ်တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးခွင့် မပြုကြောင်း ပြောခဲ့သည်ဟု အာဖဂန် သတင်းမီဒီယာများတွင် ဖော်ပြသည်။

အမိန့်ညွှန်ကြားချက်အရ ပြည်သူများ မုတ်ဆိတ်တိခြင်း သို့မဟုတ် ရိတ်ခြင်းနှင့် အမှတ်တရ ဓာတ်ပုံ ရိုက်ခြင်းတို့ကို ခွင့်ပြုမည် မဟုတ်ဟု သိရသည်။

ထို့ပြင် ခေါင်းစည်းပုဝါ (hijab) ခြုံရသည့် စည်းမျဉ်းကို အပြည့်အဝ စောင့်ထိန်းလိုက်နာရန် တာလီဘန်တို့က တောင်းဆိုထားသည်ဟု သိရပြီး စည်းမျဉ်းချိုးဖောက်ကျူးလွန်သူများအနေဖြင့် ကြီးလေးစွာ အရေးယူခြင်းခံရမည်ဟု သတိပေးထားသည်။

ပြီးခဲ့သည့် ၆ လအတွင်း တာလီဘန်တို့၏ ဝန်ကြီးဌာနက အထူးသဖြင့် အမျိုးသမီးများအပေါ် တင်းကျပ်သည့် ကန့်သတ်ပိတ်ပင်ချက်များ ချမှတ်ခဲ့ရာတွင် ပြင်းထန်သည့် ဝေဖန်တုံ့ပြန်မှုများကို ထွက်ပေါ်စေခဲ့သည်။

ထို့ပြင် ယင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်းရှင်များ အသတ်ခံရမှု၊ ပြန်ပေးဆွဲခံရမှု ဖြစ်စဉ်များ ဖြစ်ပွားမှုနှုန်း မြင့်တက်နေခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly