အကြမ်းဖက်အဖွဲ့ငယ်များကို ရှင်းလင်းရန် ပါကစ္စတန်အစိုးရကို အီရတ်နိုင်ငံရေးပါတီ အကြီးအကဲ တိုက်တွန်း

By Islam Khabar
17 March 2022
အကြမ်းဖက်အဖွဲ့ငယ်များကို ရှင်းလင်းရန် ပါကစ္စတန်အစိုးရကို အီရတ်နိုင်ငံရေးပါတီ အကြီးအကဲ တိုက်တွန်း

ပါကစ္စတန်အာဏာပိုင်များအနေဖြင့် အကြမ်းဖက်အဖွဲ့ငယ်များနှင့် ၎င်းတို့ကို ကူညီပံ့ပိုးနေသူများအား နိုင်ငံအတွင်း ရှင်းထုတ်ပစ်သင့်ကြောင်း အီရတ်နိုင်ငံရေးပါတီတစ်ခု၏ အကြီးအကဲဖြစ်သူက မတ်လ ၄ ရက်က တိုက်တွန်းလိုက်သည်။

အီရတ်နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Al Hikmah ပါတီ၏ အကြီးအကဲ အမ်မာ အယ်လ် ဟာကင်မ်က ပါကစ္စတန်ရှီးယား နိုင်ငံရေးအဖွဲ့အစည်း Majlis Wahdatul Muslimeem (MWM) ထံ ပေးပို့ခဲ့သည့် စာတစ်စောင်ထဲတွင် ပက်ရှာဝါမြို့ ဗလီတစ်ခု ဗုံးခွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်အပေါ် ပြစ်တင်ရှုတ်ချခဲ့ပြီး အပြစ်မဲ့သူများ အသက်ဆုံးရှုံးရမှုများအတွက် များစွာ ဝမ်းနည်းကြောင်း ဖော်ပြထားသည်။

အစိုးရဌာနများသည် ၎င်းတို့၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန် ပျက်ကွက်နေကြောင်းနှင့် ဝမ်းနည်းဖွယ်ရာ ယင်းဖြစ်စဉ်က နိုင်ငံတစ်ဝှမ်းလုံးကို ဝမ်းနည်းပူဆွေးစေခဲ့သည်ဟု MWM က ထုတ်ပြန်ထားသည်။

အချို့သော လူစုများသည် ပါကစ္စတန်ကို ဆန့်ကျင်ပြီး လျှို့ဝှက်ပူးပေါင်းကြံစည်နေသည်ဟုလည်း ၎င်းက ပြောသည်။

မတ်လ ၄ ရက်က သတင်းစာရှင်းလင်းပွဲတစ်ခု၌ MWM ၏ ဒုတိယ အထွေထွေအတွင်းရေးမှူး အယ်လာမာ အာမက် အစ်ခ်ဘဲလ် ရစ်ဗီက မွတ်ဆလင်ဘာသာဝင်အားလုံး နေထိုင်နိုင်ပြီး ၎င်းတို့၏ ယုံကြည်မှုအယူဝါဒကို လွတ်လပ်စွာ ကျင့်သုံးနိုင်ရန် ပါကစ္စတန်နိုင်ငံကို ထူထောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။

“ကမ္ဘာအနှံ့က အင်အားစုတွေဟာ ပါကစ္စတန်ကို ဆန့်ကျင်ပြီး ပူးပေါင်းကြံစည်နေကြသလို ဂိုဏ်းဂဏဆိုင်ရာ အစွန်းရောက်ဝါဒီတွေဘက်က အကြမ်းဖက်နည်းလမ်းတွေ သုံးလာအောင်လို့ အားပေးပံ့ပိုးနေပါတယ်။ ဒါပေမယ့် ရှီးယားတွေ အစုအပြုံလိုက် အသတ်ခံနေရတာကို အစိုးရနဲ့ တရားရုံးတွေက ဘာကြောင့်များ မမြင်တွေ့ဘဲ ဖြစ်နေတာလဲ” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly