ယူကရိန်းအကျပ်အတည်း ဖြစ်ပေါ်နေချိန်တွင် တရုတ်က အရှေ့အလယ်ပိုင်း၌ ဩဇာလွှမ်းမိုးမှု ချဲ့ထွင်လာနိုင်

By The New Indian Press
17 March 2022
ယူကရိန်းအကျပ်အတည်း ဖြစ်ပေါ်နေချိန်တွင် တရုတ်က အရှေ့အလယ်ပိုင်း၌ ဩဇာလွှမ်းမိုးမှု ချဲ့ထွင်လာနိုင်

လက်ရှိဖြစ်ပွားနေသော ယူကရိန်း-ရုရှားစစ်ပွဲကြောင့် အမေရိကန်အစိုးရ အလုပ်များနေချိန်တွင် တရုတ်သည် ခါးပတ်လမ်းရပ်ဝန်း (BRI) မှတစ်ဆင့် အရှေ့အလယ်ပိုင်းတွင် ဩဇာလွှမ်းမိုးမှုတိုးမြှင့်ရန် အခွင့်အလမ်း ရှာဖွေနိုင်ပေသည်ဟု The Hong Kong Post က ဖော်ပြသည်။

လေ့လာဆန်းစစ်သူများအဆိုအရ ဇန်နဝါရီလအတွင်း တရုတ်က ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC) အဖွဲ့ဝင်များဖြစ်သော ဆော်ဒီအာရေးဗီးယား၊ ကူဝိတ်၊ အိုမန်နှင့် ဘာရိန်းတို့နှင့် တွေ့ဆုံမှု သည်

တရုတ်နှင့်ပင်လယ်ကွေ့နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်နေကြောင်းကို ပြသလိုက်ခြင်းဖြစ်သည်။

အထူးသဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဇန်နဝါရီတွင် ပင်လယ်ကွေ့နိုင်ငံများနှင့် အီရန်နျူကလီးယားသဘောတူညီချက်ကဲ့သို့သော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်း ကိစ္စရပ်များဆိုင်ရာ ဆွေးနွေးပွဲအများအပြား ပြုလုပ်ခဲ့သည်။ ထို့ပြင် စစ်ပွဲအလွန် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းနေသည့် ဆီးရီးယားသည် BRI နားလည်မှုစာချွန်လွှာကိုလည်း ဇန်နဝါရီလက လက်မှတ် ရေးထိုးခဲ့သည်။

ယခုအခါ ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားအပေါ်အမေရိကန်မဟာမိတ်များက အရေးယူပိတ်ဆို့မှုများ ချမှတ်နေချိန်တွင် တရုတ်သည် ဒေသတွင်း နောက်ထပ်ရည်မှန်းချက်များအတွက် ၎င်းအခွင့်အရေးကို အသုံးချနိုင်သောကြောင့် အရှေ့အလယ်ပိုင်းတွင် သြဇာလွှမ်းမိုးမှုချဲ့ထွင်ရေးရည်မှန်းချက်များသည် နောက်ဆုံးတွင် အကောင်အထည်ပေါ်လာနိုင်သည်ဟု The Hong Kong Post ကဖော်ပြထားသည်။

အရှေ့အလယ်ပိုင်းသည် လက်နက်ရောင်းချမှုနှင့်ဝင်ရောက်ခွင့်အလားအလာအားဖြင့် ကမ္ဘာလုံးဆိုင်ရာ စစ်အင်အား မြှင့်တင်မည့် တရုတ်နှင့် ဆီလျော်သည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။

အရှေ့အလယ်ပိုင်းရှိ ရှုပ်ထွေးသော နိုင်ငံရေးအခင်းအကျင်းသည် ဒေသတွင်း၌ တရုတ်၏တိုးတက်မှုကို နှောင့်နှေးစေသည်ဟု လေ့လာသူများက ယူဆကြသော်လည်း တရုတ်နိုင်ငံသည် ယူကရိန်းအကျပ်အတည်းကြောင့် ဖြစ်လာသည့် အခွင့်အလမ်းဖြင့် အရှိန်အဟုန် မြှင့်နိုင်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required