ကယ်လီဖိုးနီးယားပြည်နယ် ရစ်ချ်မွန်မြို့တော်ကောင်စီက မတ်လ ၁၀ ရက်ကို တိဗက်အုံကြွမှုနေ့အဖြစ် ကြေညာ

By The Print
17 March 2022
ကယ်လီဖိုးနီးယားပြည်နယ် ရစ်ချ်မွန်မြို့တော်ကောင်စီက မတ်လ ၁၀ ရက်ကို တိဗက်အုံကြွမှုနေ့အဖြစ် ကြေညာ

အမေရိကန်နို်ငငံ ကယ်လီဖိုးနီးယားပြည်နယ် ရစ်ချ်မွန်မြို့တော်ဝန် တွမ်ဘတ်က မတ်လ ၁၀ ရက်နေ့ကို တိဗက်အုံကြွမှုနေ့အဖြစ် ကြေညာခဲ့သည်။

အဆိုပါ အခမ်းအနားကို တိဗက်အမျိုးသားအုံကြွမှု ၆၃ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြုလုပ်ခြင်းဖြစ်သည်။

ရစ်ချ်မွန်မြို့တော်ကောင်စီသည် ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်အား ရစ်ချ်မွန်မြို့တော်၏ တိဗက်လူထုအုံကြွမှုနေ့အဖြစ် ကြေညာကြောင်းနှင့် တိဗက်အုံကြွမှု ၆၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ၂၀၂၂ ခုနှစ် မတ်လ ၉ ရက် နံနက် ၁၀ နာရီတွင် အွန်လိုင်းမှ ကျင်းပသော တိဗက်အလံတင်ခြင်း အခမ်းအနားကို တက်ရောက်ကြရန် တိဗက်အသိုက်အဝန်းအဖွဲ့ဝင်များအား ဖိတ်ကြားကြောင်း မြို့တော်ဝန် ဘတ်က လက်မှတ်ရေးထိုးထားသော ရစ်ချ်မွန်မြို့ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

ရစ်ချ်မွန်မြို့တော်သည် မြောက်ပိုင်းကယ်လီဖိုးနီးယားရှိ အသိုက်အဝန်းစင်တာမှ တိဗက်အဖွဲ့အစည်း နေထိုင်ရာ မြို့ဖြစ်ပြီး မတူကွဲပြားသော ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများရှိသော တက်ကြွသောအသိုက်အဝန်းဖြစ်သည့် အမေရိကန်ပြည်ထောင်စုတွင် တတိယအကြီးဆုံး တိဗက်အသိုက် အဝန်းဖြစ်သည်။

ရစ်ချ်မွန်မြို့တော်သည် တိဗက်လူမျိုးများအား ကာလရှည်ကြာ ကူညီထောက်ပံ့နေပြီး ၂၀၁၄ ခုနှစ်တွင် တိဗက်အသိုက်အဝန်းစင်တာသို့ လာရောက်ခဲ့သည့် ဒလိုင်းလားမားကိုလည်း ကြိုဆိုခဲ့ကြသလို ၈၄ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဟန်တင်တန်ရိပ်သာလမ်း၏ တစ်စိတ်တစ်ဒေသအား ဒလိုင်းလားမား ရိပ်သာလမ်းဟု အမည်ပြောင်းခဲ့ကြောင်း မြို့တော်ဝန် ဘတ်က ပြောကြားခဲ့သည်။

ရစ်ချ်မွန်မြို့သည် တရုတ်၏ သိမ်းပိုက်မှု၊ ဖိနှိပ်မှုနှင့် တိဗက်လူမျိုးများ၏ ယဉ်ကျေးမှု ၊ ဘာသာရေး၊ မြေယာနှင့် ကိုယ်ပိုင်လက္ခဏာတို့ကို ထိခိုက်နစ်နာစေမှုတို့အား ကမ္ဘာသိစေရန်မျှတ ငြိမ်းချမ်းစွာ

အကြမ်းမဖက်လှုပ်ရှားနေကြသော တိဗက်လူမျိုးများနှင့် တစ်သားတည်းရပ်တည်ကြောင်း ကြေညာ စာတမ်းတွင် ဖော်ပြထားသည်။

တရုတ်၏ တရားမဝင်ကျူးကျော်ဝင်ရောက်သိမ်းပိုက်ခြင်း၊ လူ့အခွင့်အရေးနှင့်လွတ်လပ်မှုကို ဖိနှိပ်ခြင်း၊ တိဗက်ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်လက္ခဏာများကို ရည်ရွယ်ချက်ရှိရှိ ပစ်ပယ်ခြင်းတို့ကို ဆန့်ကျင်သည့်အနေဖြင့် တိဗက်လူမျိုး ထောင်ပေါင်းများစွာသည် ၁၉၅၉ ခုနှစ် တိဗက်အရေးအခင်းတွင် တိဗက်မြို့တော် လာဆာ၏လမ်းမများသို့ပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly