တရုတ်အာဏာပိုင်များက ယူကရိန်းအကျပ်အတည်းတွင် လူမှုမီဒီယာကိုထိန်းချုပ်၍ စစ်ဆန့်ကျင်ရေးကို ဖိနှိပ်နေ

တရုတ်အာဏာပိုင်များက ယူကရိန်းအကျပ်အတည်းတွင် လူမှုမီဒီယာကိုထိန်းချုပ်၍ စစ်ဆန့်ကျင်ရေးကို ဖိနှိပ်နေ

တရုတ်အာဏာပိုင်များသည် ရုရှားအစိုးရကို ထောက်ခံသည့် မှတ်ချက်များ လွှမ်းမိုးနေစေခြင်းဖြင့် လူထုအမြင်ကို ထိန်းကျောင်းရန် ကြိုးပမ်းနေကာ စစ်ပွဲကိုဝေဖန်သောပို့စ်များကို နှိပ်ကွပ်ရင်း တစ်ခါတစ်ရံတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်အား ကြီးမြတ်သော ဧကရာဇ် ဟုပင် ခေါ်ဆိုနေသည်။

လူထုသည် ရုရှားကို ပိုမိုလိုလားကြောင်း တရုတ် လူမှုမီဒီယာတွင် ပြောင်ပြောင်တင်းတင်းပင် ပြောဆိုမှု များဖြင့် မကြာသေးမီရက်များအတွင်း ဖော်ပြလာသည်။

စိန့်လူးဝစ်မြို့ရှိ ဝါရှင်တန်တက္ကသိုလ်မှ ခေတ်သစ်တရုတ်သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ပါမောက္ခ မာကျောင် က ပူတင်၏ ရုရှားအမျိုးသားရေးဝါဒသည် တရုတ်၏လူကြိုက်များသော အမျိုးသားရေးဝါဒနှင့် တစ်သားတည်းရှိလာသည်ဟု ပြောခဲ့ကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။

တရုတ်အာဏာပိုင်များနှင့် ပတ်သက်၍ မာကျောင်က “သူတို့ဟာ အမေရိကန်၊ နေတိုးနဲ့ အနောက်နိုင်ငံတွေကို ဆန့်ကျင့်တဲ့ မဟာမိတ်တွေဖြစ်တယ်။ သူတို့ရဲ့ အမျိုးသား အကျိုးစီးပွားကို ပြင်းပြင်းထန်ထန် ကာကွယ်တယ်။ နိုင်ငံတကာရေးရာတွေမှာ ဩဇာအာဏာကြီးများတဲ့ အခွင့်ထူးခံ တစ်မျိုးမျိုးကို ရှာဖွေ ကြပြီးတော့ နိုင်ငံတကာ စစ်ပွဲနဲ့ ငြိမ်းချမ်းရေး ကိစ္စရပ်တွေမှာတောင် စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ခွင့် ဖောက်ဖျက်ခွင့်တွေ ရှိနေကြတယ်” ဟု ပြောသည်။

လူများသည် လူမှုမီဒီယာတွင် ၎င်းတို့မနှစ်သက်သည့်အကြောင်းကို ဖော်ပြလျှင် ဆင်ဆာဖြတ်တောက်ခြင်း နှင့် ဝေဖန်ပြောဆိုခံရမှုများကြုံရကာ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းကိုပင်အထိခိုက်ခံကာ အရဲစွန့်လုပ်ဆောင်ကြရသည်။Weibo တွင် လူသိများထင်ရှားသည့် လိင်ပြောင်း အကသမားနှင့် မင်းသမီးဖြစ်သူ ကျင်းရှင်းသည် ပြီးခဲ့သည့် သီတင်းပတ်က စစ်ဆန့်ကျင်ရေး အမြင်များကို တင်ခဲ့ရာ ဝေဖန်မှု အပြင်းအထန်ခံခဲ့ရကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။

Weibo တွင်စောင့်ကြည့်သူပရိသတ်၂ ဒသမ ၉ သန်းရှိသည့် မင်းသမီး ကီလန်းသည်စစ်ဆန့်ကျင်ရေးပို့စ်များ တင်ခဲ့သဖြင့် အကောင့်ဆိုင်းငံ့ခံထားရသည်။ “ဒါတွေဟာ လူအများစုကို ကိုယ်စားမပြုပါဘူး။ အများစုရဲ့အသံ အထူးသဖြင့် ဆင်ခြင်တုံတရားရှိတဲ့အသံတွေကို ဆင်ဆာဖြတ်ထားလို့ပါ” ဟု မာကျောင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly