ယူကရိန်းစစ်ပွဲက ထိုင်ဝမ်၏ စစ်ဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအပေါ် တွန်းအားသစ်ဖြစ်စေ

ယူကရိန်းစစ်ပွဲက ထိုင်ဝမ်၏ စစ်ဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအပေါ် တွန်းအားသစ်ဖြစ်စေ

တရုတ်က ထိုင်ဝမ်အား ရန်လိုမှုများရှိနေချိန်တွင် ယူကရိန်းကို ရုရှား၏ ကျူးကျော်မှုတွန်းအားကြောင့် စစ်ရေး အသင့်ဖြစ်မှုကိုတိုးမြှင်မည့် အစီအစဉ်သစ်အရ ထိုင်ဝမ် သမ္မတ စိုင်အမ်းဝမ်သည် အရန်တပ်ဖွဲ့များ စစ်ရေးလေ့ကျင့်ရေးစခန်းသို့ မတ် ၁၂ ရက် တွင် သွားရောက်လည်ပတ်ခဲ့သည်။

ယူကရိန်းစစ်ပွဲသည် တရုတ်က ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောကြားနေသည့် ထိုင်ဝမ်ကျွန်းတွင် တရုတ်က အင်အားသုံးခြိမ်းခြောက်မှုပြုလုပ်နေခြင်းနှင့် ပတ်သက်ပြီး ကိုယ်ပိုင်အသင့်ဖြစ်မှု၊ နည်းဗျူဟာများနှင့်ပတ်သက်၍ အချေအတင်ငြင်းခုံမှုများ ဖြစ်ခဲ့သည်။

တိုက်ခိုက်ရေးနှင့် ပစ်ခတ်မှုဆိုင်ရာ လေ့ကျင့်ခန်းများကို နှစ်ဆတိုးလာခြင်းအပါအဝင် ထိုင်ဝမ်အစိုးရက အရန်တပ်ဖွဲ့များလေ့ကျင့်ရေး ပြုပြင်ပြောင်းလဲမှုတစ်ရပ်ကို ၂၀၂၁ခုနှစ်နှောင်းပိုင်းတွင် ကြေညာခဲ့သည်။

မတ်လတွင် စတင်ခဲ့သည့် အစီအစဉ်သစ်အရ အရန်တပ်ဖွဲ့ဝင်များသည် ယခင် ၅ ရက်မှ ၇ ရက်အထိ လေ့ကျင့်မှုမှ ၂ ပတ်ကြာ လေ့ကျင့်မှုများနှင့် သေနတ်ပစ်ခြင်းကဲ့သို့သော တိုက်ခိုက်ရေးလေ့ကျင့်မှုတွင် အချိန်ပိုပေးလာခဲ့သည်။

တိုင်ပေမြို့အပြင်ဘက်ရှိ နန်ရှီပုသေနတ်ပစ်ကွင်းတွင် လေ့ကျင့်မှုကို စောင့်ကြည့်နေသည့် ထိုင်ဝမ် သမ္မတ စိုင်အမ်းဝမ်သည် ကျည်ကာအင်္ကျီအပါအဝင် စစ်ဝတ်စုံအပြည့်ဝတ်ဆင်ထားပြီး အရန်တပ်ဖွဲ့များသည် ယင်းတို့၏ နေအိမ်နှင့် အနီးဆုံးနေရာများတွင် လေ့ကျင့်မှုပြုလုပ်နိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ယူကရိန်းရဲ့ မကြာသေးမီက အခြေအနေတွေက နိုင်ငံတကာ စည်းလုံးညီညွတ်မှုနဲ့ အကူအညီတွေအပြင် ထိုင်ဝမ်ကို အကာအကွယ်ပေးရေးက ပြည်သူတရပ်လုံးရဲ့ စည်းလုံးညီညွတ်မှုပေါ်မှာ မူတည်ကြောင်းကို သက်သေပြနေပါတယ်” ဟု သူမ၏ ထိပ်တန်းလုံခြုံရေး အရာရှိများက တစ်ဖက်တစ်ချက်တွင် နေရာယူထား သည့် သူမက ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး ချုကိုချန်က ယူကရိန်းထံမှ သင်ယူနိုင်သည့် သင်ခန်းစာများစွာရှိကြောင်း သတင်းထောက် များအား ပြောကြားခဲ့ပြီး ရက်အနည်းငယ်လေ့ကျင်မှုပြီးနောက် လူများကို သေနတ်များပေးအပ်ကာ တိုက်ခိုက်ရန် စေလွှတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်မှုထမ်းနေရာမှ ဆန္ဒအလျောက်ပါဝင်လိုသည့် အပျော်တမ်း ကျွမ်းကျင်တပ်ဖွဲ့ တစ်ခုသို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

သို့သော် ယင်းအပြောင်းအလဲက ပြဿနာဖြစ်ခဲ့ကြောင်း ရိုက်တာက သတင်းဖော်ပြခဲ့ပြီး အရန်အင်အား ၂ ဒသမ ၃၁ သန်းအထိ နည်းပါးသွားစေကြောင်း ဆိုသည်။

၂၀၂၂ခုနှစ် ပထမသုံးလပတ်တွင် ကြိုတင်စာရင်းပေးသူ ၁၅ ဝ၀ဝခန့်ဖြင့် စနစ်သစ်ကို စမ်းသပ်နေပြီး ဆက်လက်လုပ်ဆောင်မည်လားဆိုသည်ကို ဆုံးဖြတ်ရန် စတုတ္ထ ၃လပတ်တွင် ပြန်လည် သုံးသပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly