တရုတ်စစ်လေယာဉ်တစ်စင်း တောင်တရုတ်ပင်လယ်ထဲသို့ ပျက်ကျခဲ့ကြောင်း ထိုင်ဝမ် အတည်ပြု

တရုတ်စစ်လေယာဉ်တစ်စင်း တောင်တရုတ်ပင်လယ်ထဲသို့ ပျက်ကျခဲ့ကြောင်း ထိုင်ဝမ် အတည်ပြု

တရုတ်စစ်လေယာဉ်တစ်စင်း တောင်တရုတ်ပင်လယ်ထဲသို့ မတ်လအစောပိုင်းက ပျက်ကျခဲ့ကြောင်း ထိုင်ဝမ် အမျိုးသားလုံခြုံရေးဗျူရို(NSB) က အတည်ပြုခဲ့သည်။

တရုတ်လေတပ် (PLAAF) မှ လေယာဉ်တစ်စင်းသည် တောင်တရုတ် ပင်လယ်ထဲသို့ မတ် ၁ ရက်က ပျက်ကျခဲ့ကြောင်းကို NSB ညွန်ကြားရေးမှူးချုပ် ခန်မင်းတုန်က အတည်ပြုခဲ့ကြောင်း မတ်လ ၁၀ ရက်တွင် Taiwan News သတင်းက ဖော်ပြခဲ့သည်။

ယခင်လကလည်း တရုတ်စစ်ဘက်ကင်းလှည့်လေယာဉ်တစ်စင်းသည် ဗီယက်နမ်ကမ်းလွန်တွင် ပျက်ကျခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

သို့သော် ယင်းကိစ္စကို တရုတ်က အတည်ပြုမထားသော်လည်း Taiwan News ၏ ဖော်ပြချက်အရ ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) မှ ဖြတ်သန်းစဉ် Y-8 လေယာဉ် ရုတ်ချည်း ပျက်ကျခဲ့ကြောင်းဖော်ပြခဲ့သော်လည်း မတ် ၂ ရက်မှ မတ် ၇ ရက်အထိ မည်သည့်သတင်းဌာနကမှ ဖော်ပြခြင်းမရှိခဲ့ပေ။

တရုတ်စစ်တပ်သည် ယခင်ကထက် ပိုမိုပွင့်လင်းလာပြီး လေယာဉ်ပျက်ကျပါက ဖုံးကွယ်ထားမည် မဟုတ်ဘဲ ထုတ်ပြန်လိုက်မည်ဖြစ်ကြောင်း ထိုင်ဝမ်မဟာဗျူဟာ လေ့လာရေးအဖွဲ့အစည်းမှ သုတေသီ ချန်ချင်းက မတ် ၇ ရက်တွင် ပြောကြားခဲ့သည်ဟု Taiwan News သတင်းတွင် ဖော်ပြထားသည်။ (ANI)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly