တောင်ကြီးမြို့ ကမ္ဘောဇဘဏ်(၂) ATM စက် ဖောက်ခွဲခံရ

By စန်းကျိန်
16 March 2022
တောင်ကြီးမြို့ ကမ္ဘောဇဘဏ်(၂) ATM စက် ဖောက်ခွဲခံရ

မတ် ၁၆

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ကမ္ဘောဇဘဏ် (၂) ၏ ATM စက်အား တောင်ကြီးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ (Taunggyi Guerilla Force (TGF) )က ယမန်နေ့ မတ်လ ၁၅ ရက် ည ၇ နာရီခန့်တွင် ဖောက်ခွဲခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ATM စက် ထိခိုက်မှု အနည်းငယ်ရှိပြီး မီးလောင်သွားသည်ဟု ကနဦး သိရှိရကြောင်း၊ စစ်ကောင်စီတပ်များ မီးငြိမ်းသတ်ခဲ့ပြီး အင်အား ၃၀ ခန့်ဖြင့် အနီးအနားကို ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

"ကမ္ဘောဇဘဏ် ဆီကနေ ကျွန်တော်တို့ရဲ့ အချက်အလက် ပေါက်ကြားတာ များပြီဗျ။ အထူးသဖြင့် Kpay Center ဆီကနေ သူတို့က ငွေအဝင်အထွက်များရင်ကို မသင်္ကာရင် စစ်ခွေးတွေဆီ သတင်းပို့တယ် ပြောတယ်ဗျ။ တချို့Online Shop သမားတွေ ငွေလွှဲ ငွေထုတ် သမားတွေလည်း ဘာနိုင်ငံရေးမှ မလုပ်ဘဲ ပါသွားတာတွေ ရှိတယ်ဗျ။ ဒါ့ကြောင့် ခုက သတိပေးတဲ့ အနေနဲ့ လူကို မထိခိုက်စေချင်လို့ စက်ကိုပဲ လုပ်ပေးခဲ့တာဗျ” ဟု ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်က ပြောသည်။

ဗုံးပစ်သည့် ရဲဘော်ကို အနီးရှိ ခြင်းခတ် နေသူများက စစ်ကောင်စီ တပ်သားများနှင့် အတူ လိုက်လံ ဖမ်းဆီး သော်လည်း လွတ်မြောက်ခဲ့ကြောင်း နောင်တွင် Mission အောင်မြင်ရေးကိုသာ အဓိက ဆောင်ရွက်မည် ဖြစ်ပြီး အနီးအနား ထိခိုက်မိသူများ ရှိပါက ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း TGF အဖွဲ့က ထုတ်ပြန်ထားသည်။

#Mizzima

#တောင်ကြီးမြို့

#TaunggyiGuerillaForce

#ကမ္ဘောဇဘဏ် (၂)

#ATM

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly