တိဗက်လူမျိုးများက ကွန်မြူနစ်တရုတ်၏သိမ်းပိုက်မှုမှ လွတ်မြောက်သော မိမိတို့ဒေသကို မြင်တွေ့လို

တိဗက်လူမျိုးများက ကွန်မြူနစ်တရုတ်၏သိမ်းပိုက်မှုမှ လွတ်မြောက်သော မိမိတို့ဒေသကို မြင်တွေ့လို

မဟာရာရှာထရာပြည်နယ် ဂိုသန်ဂါအွန်ရွာမှ တိဗက်လူမျိုးများက ၎င်းတို့၏မွေးရပ်မြေသည် တစ်နေ့နေ့တွင်ကွန်မြူနစ်တရုတ်၏သိမ်းပိုက်မှုမှ လွတ်မြောက်လိမ့်မည်ဖြစ်ကြောင်း မတ်လ ၁၀ တွင် ကျရောက်သောတိဗက်အုံကြွမှု ၆၃ နှစ်မြောက်နှစ်ပတ်လည်နေ့တွင် ၎င်းတို့မျှော်လင့်ချက်များကို မျှဝေခဲ့ကြသည်။

ဆောင်းပါးရှင် ကာတစ်လော့ဟန်ဒီက ဂွန်ဒီယာခရိုင် ဂိုသန်ဂါအွန်စခန်းမှ ကဗျာရေးသားသူ ဆီရင်ဝမ်မို အကြောင်းကို ပြန်လည် ပြောကြားရာတွင် “၁၉၅၉ နှစ်က ကွန်မြူနစ်တရုတ်တွေ တရုတ်ကို သိမ်းပိုက်တော့ ကျွန်မက ၇ နှစ်ပဲရှိသေးတယ်။ အခု အသက် ၇၀ မှာ မျက်ရည်ဝဲနေရတုန်းပဲ။ တိဗက်ဟာ တရုတ်သိမ်းပိုက်မှုကနေ လွတ်မြောက်သင့်ပါပြီ။ ကျွန်မရဲ့နောက်ဆုံးအချိန်တွေကို လွတ်မြောက်တဲ့ တိဗက်မှာ အဆုံးသတ်ချင်ပါတယ်” ဟု The Hitavada သတင်းစာတွင် ရေးသားထားသည်။

၁၄ ဆက်မြောက် ဘုန်းတော်ကြီးဒလိုင်းလားမားသည် ၁၉၅၉ ခုနှစ်က သူ၏နောက်လိုက်များစွာနှင့်အတူ တိဗက်မှ ထွက်ပြေးသွားခဲ့သည်။ အိန္ဒိယနိုင်ငံ ဒါရမ်ရှာလာမြိုနှင့်အခြားနေရာများတွင် ခိုလှုံနေကတည်းက ဒလိုင်းလားမားသည် တိဗက်လွတ်မြောက်ရေးကို အသက်ဝင်အောင်ထိန်းသိမ်းထားကာ အဝေးရောက် တိဗက်ပါလီမန်ကလည်း ထိုလမ်းကြောင်းအတိုင်း လုပ်ဆောင်နေသည်။

အိန္ဒိယနိုင်ငံတွင် အဝေးရောက်တိဗက်လူမျိုးများ နေထိုင်ကြသည့် စခန်းများစွာရှိပြီး ၎င်းတို့၏ မျှော်လင့်ချက် အိပ်မက်များကို မစွန့်လွှတ်ဘဲ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။ ဂိုသန်ဂါအွန်တိဗက်နေရပ်သည်မဟာရာရှာထရာရှိ တစ်ခုတည်းသော စခန်းဖြစ်ကြောင်း လော့ကန်ဒီက ပြောသည်။

အဝေးရောက်တိဗက်ပါလီမန်အဖွဲ့ဝင် ကာမာဂီလက်က “အဖေက တိဗက်မှာ ဆုံးပါးသွားခဲ့တာ။ သူဦးဆောင်ခဲ့တဲ့ တိဗက်တွေလိုပဲ ဘဝမကူးခင်မှာ တိဗက်က လာဆာမြို့ကို မြင်တွေ့သွားချင်တာပါ။ ကျွန်တော်တို့တွေ ကိုယ့်ရဲမွေးရပ်မြေ တိဗက်ကို မသွားနိုင်အောင်လို့ တရုတ်က ဒီလို အခြေအနေတွေ ဖြစ်အောင် ဖန်တီးထားတာပါ” ဟု The Hitavada သတင်းဌာနသို့ ပြောသည်။

ဟီမာရှယ်ပြည်နယ် ဒါရမ်ရှာလာအခြေစိုက် အဝေးရောက်တိဗက်ပါလီမန်က တိဗက်အမျိုးသားအုံကြွမှု ၆၃ နှစ်မြောက်အထိမ်းအမှတ်အဖြစ် မတ်လ ၉ ရက်က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်၌ တိဗက်၌ပေါ်ပေါက်ခဲ့သော ကွန်မြူနစ်တရုတ်အစိုးရ၏ ညှင်းပန်းနှိပ်စက်မှုများကို ပြင်းထန်စွာ ဝေဖန်ထားသည်။ ထို့ပြင် ထိရောက်သောဆွေးနွေးမှုလုပ်ဆောင်ရန်လည်း တရုတ်ကို ထပ်မံတိုက်တွန်းထားသည်။

တရုတ်သည် တိဗက်လူမျိုးများကို တရုတ်လက္ခဏာအသွင်ပြောင်းရန် ကြိုးပမ်းမှုအဖြစ် ပုဂ္ဂိလိကပိုင်တိဗက်စာသင်ကျောင်းများကို ပိတ်ပစ်ခဲ့ကာ တိဗက်ကျောင်းသားများအား ကွန်မြူနစ်တရုတ်အစိုးရ မူဝါဒများနှင့် ခေါင်းဆောင်များ၏ မိန့်ခွန်းများကို လေ့လာစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly