ထိုင်ဝမ်ကို မမှန်မကန် ဖော်ပြထားသည့် မြေပုံများကို အမေရိကန် တားမြစ်

ထိုင်ဝမ်ကို မမှန်မကန် ဖော်ပြထားသည့် မြေပုံများကို အမေရိကန် တားမြစ်

အမေရိကန် နိုင်ငံခြားရေးဌာနနှင့် ယင်း၏ နိုင်ငံခြားရေး လုပ်ဆောင်ချက်များတွင် ထိုင်ဝမ်မြေပုံကို လွှဲမှားစွာ ပုံဖော်ထားသည့် မည်သည့်မြေပုံမျိုးကို မဆို အသုံးပြုခြင်းအား တားမြစ်မည့် လျာထားချက် ဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော်တွင် မတ်လ ၉ရက်က အတည်ပြုလိုက်သည်။

အဆိုပါဥပဒေမူကြမ်းတွင် "ဤအက်ဥပဒေမှ ရရှိသည့်ရန်ပုံငွေများကို ထိုင်ဝမ်နှင့် ကျွန်းများ သို့မဟုတ် ထိုင်ဝမ်အာဏာပိုင်များက စီမံခန့်ခွဲသည့် ကျွန်းအုပ်စု များ၏ နယ်မြေ၊ လူမှုရေးနှင့် စီးပွားရေး စနစ် တို့ကို မှားယွင်းစွာဖော်ပြသည့် မည်သည့်မြေပုံကိုမဆို ဖန်တီးခြင်း၊ လက်ခံရယူခြင်း သို့မဟုတ် ဖော်ပြခြင်းအတွက် အသုံးမပြုသင့်ပါ” ဟု Focus Taiwan သတင်းတွင် ဖော်ပြထားသည်။

အဆိုပါဥပဒေကြမ်းကို ၂၀၂၂ ခုနှစ်၏ နိုင်ငံခြားရေးဌာန၊ နိုင်ငံခြားလုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်စပ်အစီအစဉ်များ လျာထားချက်များ အက်ဥပဒေဟု အမည်ပေးထားသည်။

သို့သော် မြေပုံများတွင် ထိုင်ဝမ်၏ တိကျသော သရုပ်ဖော်ပုံအား မည်သည့်အရာက ဖွဲ့စည်းထားသည် ကိုမူ မဖော်ပြထားပေ။

၂၀၂၂ခုနှစ်ပေါင်းစည်းထားသော အက်ဥပဒေဟုလည်းရည်ညွှန်းသည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီ ယံ စုစုပေါင်းအသုံးစရိတ်ဥပဒေကြမ်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် တစ်ခုတည်းသော ဥပဒေကြမ်းကို အောက်လွှတ်တော်က မတ်လ ၉ရက် ညနေတွင် နှစ်ပါတီစလုံးက ပါဝင်သည့် မဲများဖြင့် အတည်ပြုပြီးနောက် အထက်လွှတ်တော်သို့ တင်သွင်းမည်ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးအကူအညီနှင့် သက်ဆိုင်သည့် လျာထားချက်ဥပဒေကြမ်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လက အောက်လွှတ်တော်တွင် ၂၁၇- ၂၁၂မဲ ဖြင့် ပထမအကြိမ် အတည်ပြုခဲ့သော်လည်း အထက် လွှတ်တော်တွင် အတည်မပြုသဖြင့် အားလုံးကို ပြန်လည်ပြင်ဆင်ပြီးနောက် စုစုပေါင်းအသုံးစရိတ် ဥပဒေကြမ်းတွင် တစ်ပေါင်းတည်းဖော်ပြထားကြောင်း သတင်းတွင် ဖော်ပြထားသည်ဟု Focus Taiwan က သတင်းဖော်ပြခဲ့သည်။

ပြင်ဆင်ချက်ကို အဆိုပြုသည့် ရီပတ်ဘလီကန် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် တွမ် တက်ဖနီက "တရုတ်တစ် နိုင်ငံတည်းမူဝါဒ" လိမ်ညာမှုကို ရပ်တန့်စေမည့် ရိုးသားသောမြေပုံများ လိုအပ်မည်ဖြစ်ကြောင်း မှတ်ချက် ပေးခဲ့သည်။

ထိုင်ဝမ်သည် ကွန်မြူနစ်တရုတ်၏ အစိတ်အပိုင်းဖြစ်သည်ဟူသော တရုတ်၏ အတုအယောင် ငြင်းခုံမှုကို အသိ အမှတ်ပြုခြင်းကို စွန့်လွှတ်သင့်သည်ဟု တရုတ်တစ်နိုင်ငံတည်းမူဝါဒကို တက်ဖနီက ရည်ရွှန်းဖော်ပြခဲ့သည် Focus Taiwan သတင်းတွင် ဖော်ပြထားသည်။

တရုတ်တစ်နိုင်ငံတည်းရှိပြီး ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းဖြစ်ကြောင်း "တရုတ်တစ်နိုင်ငံတည်း" မူဝါဒကို အမေရိကန်က အသိအမှတ်ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly