ပါကစ္စတန်နိုင်ငံသည် လမ်းကြောင်းမှားပေါ်တွင် သွားနေကြောင်း နိုင်ငံသား ၈၀ ရာခိုင်နှုန်းက ယုံကြည်နေကြောင်း စစ်တမ်းတွင် တွေ့ရှိ

ပါကစ္စတန်နိုင်ငံသည် လမ်းကြောင်းမှားပေါ်တွင် သွားနေကြောင်း နိုင်ငံသား ၈၀ ရာခိုင်နှုန်းက ယုံကြည်နေကြောင်း စစ်တမ်းတွင် တွေ့ရှိ

ပါကစ္စတန်နိုင်ငံသည် မှားယွင်းသော လမ်းကြောင်းပေါ်တွင် သွားနေသည်ဟု နိုင်ငံသား ၈၀ ရာခိုင်နှုန်းက ယုံကြည်နေကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြသည်။

၂၀၁၉ ခုနှစ် ဩဂုတ်လနောက်ပိုင်း နိုင်ငံတွင်း အလုပ်လက်မဲ့ဖြစ်မှုနှင့် ငွေကြေးဖောင်းပွမှုတို့က ပြည်သူတို့အတွက် အဓိက စိုးရိမ်ပူပန်စရာ ကိစ္စများ ဖြစ်နေခဲ့ကြောင်း သိရသည်။

ထို့ပြင် အစောပိုင်း တစ်နှစ်နှင့်ယှဉ်ပါက ပါကစ္စတန်နိုင်ငံသား ၈၆ ရာခိုင်နှုန်းတို့သည် အလုပ်အကိုင် တည်မြဲမှု အလားအလာနှင့် ပတ်သက်ပြီး ယုံကြည်မှု လျော့ပါးနေကြသည်။

ယင်းတို့သည် ဈေးကွက်သုတေသန ကုမ္ပဏီတစ်ခုဖြစ်သော Ipsos က လုပ်ဆောင်ခဲ့သည့် “စားသုံးသူ ယုံကြည်မှု စစ်တမ်း” ၏ တွေ့ရှိချက်များ ဖြစ်သည်။

ယင်းစစ်တမ်းအတွင်း နိုင်ငံတဝန်းမှ လူပေါင်း ၁,၀၄၈ ဦး ကို သဘောထားကောက်ယူမေးမြန်းခဲ့ပြီး ၎င်းတို့အနက် ၆၇ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကာ ၃၃ ရာခိုင်နှုန်းသစည် အမျိုးသမီးများ ဖြစ်သည်။

စစ်တမ်း ဖြေဆိုသူများအနက် ၈၆ ရာခိုင်နှုန်းသည် မြို့ပြဧရိယာများမှ ဖြစ်ကြပြီး ၃၇ ရာခိုင်နှုန်းသည် အသက် ၃၁ နှစ်မှ အသက် ၄၀ နှစ်အကြား အသက်အပိုင်းအခြား ရှိသူများဖြစ်ကြသည်။

နိုင်ငံသည် မှန်ကန်သည့် လမ်းကြောင်းတစ်ခုအတိုင်း သွားနေသလားဟု မေးခွန်းကို ဖြေဆိုသူ ၅ ဦးအနက် ၄ဦးက ၎င်းတို့နိုင်ငံသည် လမ်းကြောင်းအမှား ပေါ်တွင် သွားနေသည်ဟု ယုံကြည်နေကြပြီး အခြေအနေသည် ယမန်နှစ်အတွင်း ၇ ရာခိုင်နှုန်း ပိုမိုဆိုးရွားထားခဲ့သည်ဟု ယုံကြည်နေကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly