တိဗက်အပေါ် တရုတ်၏ရက်စက်ကြမ်းကြုတ်မှုများကို နီပေါတွင် ကန့်ကွက် ဆန္ဒပြ

တိဗက်အပေါ် တရုတ်၏ရက်စက်ကြမ်းကြုတ်မှုများကို နီပေါတွင် ကန့်ကွက် ဆန္ဒပြ

နီပေါ ပြည်သူများက တိဗက်တွင် တရုတ်၏ရက်စက်ကြမ်းကြုတ်မှုများကိုဆန့်ကျင်သည့် ချီတက်ဆန္ဒပြပွဲကို မတ်လ ၁၀ ရက်နေ့၌ ကျရောက်သည့် တိဗက်အုံကြွမှုနှစ်ပတ်လည်အထိမ်းအမှတ်နေ့တွင် ပြုလုပ် ခဲ့ကြသည်။

နီပေါရောက် တိဗက်လူမျိုးဒုက္ခသည်များကလည်း ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။

ပိုစတာများကိုင်ဆောင်ထားသော ဆန္ဒပြသူများသည် မြို့တော်ခတ္တမန္ဒူတွင် ဘီဂျူလီဈေးကို ဖြတ်ကျော်လျက် ဘာဘာမာဟာလ်နန်းတော်ထိ လမ်းလျှောက်ကာ တရုတ်၏ရက်စက်ကြမ်းကြုတ်မှုများကို ရှုတ်ချခဲ့ကြသည်။

မတ်လ ၁၀ ရက်သည် ကမ္ဘာတစ်ဝှမ်းရှိ တိဗက်လူမျိုးများအတွက် အလွန်အရေးပါသောနေ့ဖြစ်သည်။

တိဗက်လူမျိုးများသည် တရုတ်ကွန်မြူနစ်ပါတီ၏ အတင်းအဓမ္မကျူးကျော်သိမ်းပိုက်မှုကို ဆန့်ကျင်ကာ ၁၉၅၉ ခုနှစ် မတ်လ ၁၀ ရက်က တော်လှန်ပုန်ကန်ခဲ့ကြသည်။

၁၉၅၉ ခုနှစ် တိဗက်အုံကြွမှုသည် မြို့တော်လာဆာတွင် အဆက်မပြတ် တရုတ်ကိုဆန့်ကျင်သည့် ငြိမ်းချမ်းသော ဆန္ဒထုတ်ဖော်ပွဲများအဖြစ် စတင်ခဲ့ပြီး နောက်ပိုင်းတွင် အကြမ်းဖက်မှုအသွင်သို့ ကူးပြောင်းသွားကာ တရုတ်စစ်တပ် (PLA) ၏ နှိမ်နင်းမှုကြောင့် တိဗက်လူမျိုး ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly