ရုရှားနှင့် တရုတ်၏ မဟာမိတ်ဖွဲ့မှုကြောင့် အစ္စရေးအတွက် စိန်ခေါ်မှုများ ဖြစ်လာနိုင်

ရုရှားနှင့် တရုတ်၏ မဟာမိတ်ဖွဲ့မှုကြောင့် အစ္စရေးအတွက် စိန်ခေါ်မှုများ ဖြစ်လာနိုင်

ရုရှားနှင့် တရုတ်၏ နက်ရှိုင်းသောဆက်ဆံရေးနှင့် ရုရှားကို ထောက်ခံသော ချဉ်းကပ်မှုသည် အစ္စရေးအတွက် အထူးသဖြင့် လက်ရှိဖြစ်ပွားနေသော ယူကရိန်း-ရုရှားအကျပ်အတည်းတွင် တရုတ်-ရုရှားနှင့် အမေရိကန်မဟာမိတ်အကြားတွင် ရပ်တည်ရမည့်ဘက်ရွေးချယ်ရန် အခြေအနေသို့ ရောက်ရှိလာနိုင်သည်ဟု အစ္စရေးသတင်းစာတစ်စောင်တွင် ဆာဂျီရို ရက်စတယ်လီက ရေးသားခဲ့သည်။

ယူကရိန်းကို ကျူးကျော်ဝင်ရောက်သဖြင့် ရုရှား သမ္မတ ဗလာဒီမာပူတင်ကို ရှုတ်ချသည့် အဆိုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတွင် တရုတ်က မဲမပေးရန်ဆုံးဖြတ်ခဲ့ခြင်းက တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဖေဖော်ဝါရီလက ပေကျင်းမြို့တွင် တွေ့ဆုံစဉ် တရုတ်နှင့် ရုရှားအကြား ထာဝရချစ်ကြည်ရင်းနှီးမှုကို ဖော်ပြသည့် ကြေညာချက်ကို ထပ်ဟပ်စေသည်ဟု The Times of Israel ၏ ဘလော့ဂ်တွင် ရက်စတယ်လီက ရေးသားခဲ့သည်။

ထိုင်ဝမ်နှင့် ဟောင်ကောင်ကို တရုတ်ပြည်မကြီး၏ အစိတ်အပိုင်းအဖြစ် တောင်းဆိုနေချိန်တွင် ယူကရိန်း-ရုရှား အကျပ်အတည်းတွင် တရုတ်က နှုတ်ဆိတ်နေခြင်းက ယင်းထောက်ခံပြောကြားနေသည့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေးမူကို ဆန့်ကျင်လျက်ရှိသည်။

နိုင်ငံတကာ ဥပဒေအားလုံးကို ဆန့်ကျင်ပြီး ယူကရိန်းကို ကျူးကျော်ဝင်ရောက်နေသည့် ရုရှားကို ထောက်ခံ ခြင်းသည် ထိုင်ဝမ် သို့မဟုတ် ဟောင်ကောင်တွင် အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုကို ဆက်လက် ထိန်းသိမ်း ထားရန် ကျင့်ဝတ်ဆိုင်ရာ မြင့်မားသော အခြေခံအုတ်မြစ်ကို ဆုံးရှုံးခြင်းနှင့် ညီမျှစေသည်။

ထူးခြားသည်မှာ တရုတ်နိုင်ငံ၏ လက်ရှိရပ်တည်ချက်ကြောင့် ပိုးလမ်းမသစ်စီမံကိန်း (BRI)၏ တစ်စိတ် တစ်ပိုင်း အဖြစ် ယူကရိန်းတွင် နှစ်ပေါင်းများစွာ ချစ်ကြည်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်သည်။

ရုရှားအပေါ် တရုတ်၏ ကြားနေခြင်းအပြင် မကြာသေးမီက ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများတွင် အစုရှယ်ယာများဝယ်ယူမှုကို အကဲဖြတ်ခြင်းနှင့် Mastercardနှင့် Visa တို့ကို အစားထိုးရန်အတွက် UnionPayကို ရုရှားဘဏ်များတွင် အသုံးပြုခွင့်ပေးခြင်းစသည့် သတင်းများက တရုတ်အတွက် နိုင်ငံတကာနယ်ပယ်တွင် ခက်ခက်ခဲခဲ ရရှိခဲ့သော ယုံကြည်စိတ်ချရမှုကို ထိခိုက်စေနိုင်ကြောင်း သူ၏ ဘလော့ဂ်တွင် ရက်စတယ်လီက ရေးသားခဲ့သည်။

တရုတ်က အင်ဒို-ပစိဖိတ်ဒေသတွင် Quad ဖွဲ့စည်းခြင်းကို အကြိမ်ကြိမ် စိန်ခေါ်ခဲ့သော်လည်း တရုတ်သည် အမေရိကန်နှင့် အမေရိကန်၏ အကျိုးစီးပွားကို ဆန့်ကျင်ရန် တရုတ်-ရုရှား-ပါကစ္စတန် ၃ နိုင်ငံပါ အဖွဲ့ကို တည်ဆောက်ရန် ကြိုးပမ်းနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

အစ္စရေးဝန်ကြီးချုပ်ဘန်နက်သည် ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း တရုတ်-ရုရှား သို့မဟုတ် အမေရိကန် မဟာမိတ်အကြားတွင် ဖက်ရွေးချယ်ရမည့် ပထဝီဝင်နိုင်ငံရေး ခေတ်သစ် အတွက် ၎င်းအနေဖြင့် ပြင်ဆင်ထားရမည်ဟု သူ၏ ဘလော့ဂ်တွင် ရက်စတယ်လီက ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required