ယူကရိန်းနှင့် စစ်ရေးအရ ဆက်စပ်မှု သမိုင်းရှိခဲ့သော်လည်း တရုတ်က ရုရှားဘက်မှ ရပ်တည်

ယူကရိန်းနှင့် စစ်ရေးအရ ဆက်စပ်မှု သမိုင်းရှိခဲ့သော်လည်း တရုတ်က ရုရှားဘက်မှ ရပ်တည်

ယူကရိန်းနိုင်ငံက တရုတ်သို့ စစ်ဘက်ဆိုင်ရာ နည်းပညာများကို ပေးခဲ့သော်လည်း ယခု ဖြစ်ပွားလျှက်ရှိသည့် စစ်ပွဲတွင် တရုတ်အစိုးရက ရုရှားဘက်သို့ ပိုမိုယိမ်းသကဲ့သို့ ရှိနေသည်။

တရုတ်၏ ပထမဆုံး လေယာဉ်တင်သင်္ဘော၊ ရေတပ်ဒုံးဖျက်ရေဒါနည်းပညာနှင့် ခေတ်မီ ဂျက်အင်ဂျင်များအပါအဝင် တရုတ်အနေဖြင့် မည်သည့်နေရာကမှ မရနိုင်သည့် စစ်ဘက်ဆိုင်ရာ အရေးပါသည့် နည်းပညာများကို ယူကရိန်းက တရုတ်သို့ နှစ်ပေါင်းများစွာကြာအောင် ပံ့ပိုးပေးခဲ့ကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက မတ် ၉ ရက်တွင် ဖော်ပြခဲ့သည်။

စစ်ပွဲသည့် ထိတ်လန့်တုန်လှုပ်စရာကောင်းသလို အခွင့်အလမ်းတစ်ရပ်လည်း ရှိနေသည်။ တရုတ်က ကမ္ဘာပေါ်တွင် အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်လိုပြီး လက်နက်နှင့် ပတ်သက်၍လည်း ယူကရိန်းထက် ရုရှားကို ပိုမိုမှီခိုနေရသဖြင့် ရုရှားအစိုးရကို ထောက်ခံကြောင်း တရုတ်အစိုးရက ပွင့်လင်းစွာ ထုတ်ပြန်လာသည်။

တရုတ်က ယခုကဲ့သို့ လုပ်ဆောင်ခြင်းအပေါ် ယူကရိန်းက များစွာ စိတ်ပျက်ခဲ့သည်။

“ယူကရိန်းမှာ တရုတ်ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိခဲ့မယ်ဆိုရင် ရုရှားက ယခုကို တိုက်ခိုက်လာတာတွေကို ကာကွယ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ထင်ခဲ့တယ်” ယူကရိန်းနိုင်ငံ၏ နိုင်ငံခြားမူဝါဒရေးရာ ကောင်စီ၏ ပညာရှင်များအဖွဲ့ဖြစ်သည့် Ukrainian Prism မှ လက်ထောက် ညွှန်ကြား ရေးမှူးဖြစ်သူ ဆာဂေးဂါရာဆင်ချက်ခ်၏ ပြောကြားချက်ကို Washington Post သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် မဟာဗျူဟာ မိတ်ဖက်နိုင်ငံအဖြစ်ထက် ‘ပြဿနာ’ တစ်ခုဟု သတ်မှတ်ကာ ယူကရိန်းနို်ငငံ၏ မူဝါဒပြုပြင်ပြောင်းလဲရေး လုပ်သူများက လွန်ခဲ့သောနှစ်များအတွင်း အပြောင်းအလဲအချို့ လုပ်ဆောင်ခဲ့သည်” ဟု စစ်တပ်၊ ပြုပြင်ပြောင်းလဲခြင်းနှင့် စစ်အင်အား လျှော့ချရေးဆိုင်ရာ လေ့လာမှု ဗဟိုဌာန၏ အာရှ-ပစိဖိတ်ဌာနအရာရှိ ယူရီပွိုင်တာက ပြောကြားသည်။

တရုတ်၏ ပြတ်သားခိုင်မာသည့် ထုတ်ပြန်ချက်များက ကမ္ဘာ့နိုင်ငံများကို အံ့အားသင့်စေခဲ့သည်။ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာပိုင်နက်နှင့် နယ်မြေပိုင်ဆိုင်မှုကို အခြားတစ်နိုင်ငံ၏ လေးစားရမည်ဟု တရုတ်က

ပြောဆိုခဲ့သော်လည်း ယူကရိန်းအား ရုရှားက တိုက်ခိုက်သည့် ကိစ္စတွင် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ကို တရုတ်က ပြစ်တင်ရှုတ်ချခဲ့သည်။

တရုတ်နှင့် ယူကရိန်းတို့၏ ဆက်ဆံရေးသည် မကြာသေးခင် နှစ်များအတွင်းကသာ စတင်ခဲ့ခြင်းမဟုတ်ဘဲ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသည့် ၁၉၉၁ ခုနှစ်မှ စတင်ခဲ့သည်။

သို့သော် တီအန်နန်မင်ရင်ပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၉၈၉ ခုနှစ်က ဖြစ်ပွားပြီးနောက်တွင် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာလာခဲ့သလို ရုရှားက ပြိုင်ဘက်ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် မရောင်းချခဲသည့် အဆင့်မြင့် ခေတ်မီစစ်လက်နက် နည်းပညာအချို့ကို ယူကရိန်းက ရောင်းချလိုကြောင်း တရု်အစိုးရက တွေ့ရှိခဲ့သည်။ ယူကရိန်းက တရုတ်ကို ၎င်းတို့၏ ကြီးမားသည့် ဈေးကွက်အခွင့်အလမ်း ရှိလာမည်ဟု တရုတ်က တွေ့ရှိခဲ့သည်။

သို့သော် တရုတ်နှင့် ယူကရိန်းတို့၏ မဟာဗျူပူးပေါင်းဆောင်ရွက်ချက်သည် ၂၀၁၄ ခုနှစ်တွင် အေးစက်သွားခဲ့သည်။

ရုရှားက ပထမကြိမ် စစ်ရေးအရ လုပ်ဆောင်မှုများ ဖြစ်ပေါ်ပြီးနောက် ယူကရိန်းက နေတိုးအဖွဲ့ဘက်သို့ ပိုမိုအလေးထားလာခြင်းကြောင့် ဖြစ်သည်။

ယူကရိန်းက အမေရိကန်၊ အီးယူတို့နှင့် ဆက်ဆံရေး ပိုမိုနီးကပ်လာစေရန် ဆောင်ရွက်လာသည့်အချိန်တွင် ၂၀၁၇ ခုနှစ်က တရုတ်ကုမ္ပဏီတစ်ခု၏ လက်နက်ရရှိရန် ကြိုးပမ်းမှုကို လက်မခံခဲ့ပေ။

ယူကရိန်းအနေဖြင့် အနောက်အုပ်စုဘက်သို့ ယိမ်းလာသလို ရုရှားနှင့် တရုတ်တို့ကလည်း ပိုမိုနီးကပ်လာကာ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို အကန့်သတ်မထားကြောင်း ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် စစ်ဘက်ဆိုင်ရာ အရောင်းအဝယ်များနှင့် ပတ်သက်၍ တရုတ်နှင့် ယူကရိန်းတို့က အတည်ပြုမထားပေ။

“နှစ်ဘက်စလုံးအနေဖြင့် စစ်ဘက်နှင့်စက်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို ရှောင်ရှားလိုသည့်အခြေအနေ ရှိနေသောကြောင့် စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှုကို ထုတ်ဖော် ပြောဆိုခြင်းမရှိပေ။ သို့သော် အမှန်တကယ်တွင် တရုတ် ယူကရိန်းမှ စစ်လက်နက်ပစ္စည်းများကို အများဆုံး ဝယ်ယူသည့် နိုင်ငံဖြစ်သည်” ဟု တရုတ်အစိုးရ၏ အာဘော်ဖြစ်သော Global Times သတင်းစာ၏ ၂၀၁၅ ခုနှစ်က ဖော်ပြချက်ကို ကိုးကား၍ ဝါရှင်တန်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly