အာရပ်စော်ဘွားများနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်လာခြင်းက အရှေ့အလယ်ပိုင်းတွင် တရုတ်၏ အနေထားကို ပိုမို ခိုင်မာအားကောင်းလာစေ

အာရပ်စော်ဘွားများနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်လာခြင်းက အရှေ့အလယ်ပိုင်းတွင် တရုတ်၏ အနေထားကို ပိုမို ခိုင်မာအားကောင်းလာစေ

တရုတ်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းတွင် ကုန်သွယ်ရေး အချက်အချာတစ်ခုဖြစ်သော အာရပ်စော်ဘွားများနိုင်ငံ (ယူအေအီး) နှင့် ဆက်ဆံရေးကောင်းမွန်လာခြင်းက ယင်းနိုင်ငံ၏ ပထဝီဝင်နှင့် မဟာဗျူဟာမြောက် အနေအထားကို အသုံးချကာ အနေအထားကို ခိုင်မာအားကောင်းအောင် ကြိုးပမ်းနေသည့် ရည်ရွယ်ချက်ကို ထင်ဟပ်စေသည်။ ယူအေအီးတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် ဆောက်လုပ်ရေးစီမံကိန်းများ၏ စုစုပေါင်းတန်ဖိုးသည် ၂၀ဝ၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၁၆ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး စွမ်းအင်၊ ဆိပ်ကမ်းများ၊ အခြေခံအဆောက်အအုံ၊ ဆက်သွယ်ရေးနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် တရုတ်ကုမ္ပဏီပေါင်း ၆၀ဝဝ ကျော်က ရင်းနှီးမြှုပ်နှံထားသည်။ .

အရှေ့အလယ်ပိုင်းနှင့် တရုတ်၏ ကုန်သွယ်မှုစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော်သည် ယူအေအီးမှတဆင့် သွားရောက်ခြင်းဖြစ်သဖြင့် ယခုအခါ ယူအေအီးသည် တရုတ်အတွက် အကြီးဆုံး ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်ဖြစ်လာပြီး တရုတ်က ယူအေအီးကို ဒေသတွင်းတွင် ဦးဆောင်သူအဖြစ် ရှုမြင်ထားသည်။ လူဦးရေ သန်း ၁၀ဝ ခန့်ရှိသော ပင်လယ်ကွေ့ဒေသတစ်ခုလုံး၏ ကျယ်ပြောလှသော ထွန်းသစ်စဈေးကွက်သို့ တရုတ်ကို တံခါးပေါက်တစ်ခုအဖြစ် ယူအေအီးက ပံ့ပိုးပေးနေပြီး တရုတ်အစိုးရ၏ အပြစ်ပေးမှုကို ရှောင်ရှားရန် အတွက် ဝင်ငွေရလမ်းမဖော်ပြနိုင်သော ချမ်းသာကြွယ်ဝသည့် တရုတ်နိုင်ငံသားများအတွက် လုံခြုံသော နေရာတစ်ခု ဖြစ်လာသည်။

အထူးသဖြင့် တရုတ်လူမျိုးများသည် ယင်းတို့၏ ဝင်ငွေရလမ်းမဖော်ပြနိုင်သော ချမ်းသာကြွယ်ဝမှုကို ထုတ်ယူကာ တရုတ်အစိုးရ၏ တရားဥပဒေအရ အရေးယူခြင်းမှ လွတ်မြောက်ရန် ယူအေအီး၏ အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံနေကြသည်။

ယူအေအီးနှင့် တရုတ်တို့အကြား နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာခြင်းက ယူအေအီးကို ပိုးလမ်းမသစ်စီမံကိန်း (BRI) တိုးချဲ့မှုအတွက် အလားအလာကောင်းများ ရှိသည့် ဒေသတွင်း အချက်အချာအဖြစ် တရုတ်က ရှု့မြင်ခြင်းကြောင့်ဖြစ်သည်ဟု ဟောင်ကောင်ပို့စ်က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required