ဝီဂါများအား ပညာပေးရေးစခန်းမှ အကျဉ်းထောင်သို့ ရွှေ့ပြောင်းနေကြောင်း တရားရုံးအမှုများတွင် တွေ့ရှိနေ

ဝီဂါများအား ပညာပေးရေးစခန်းမှ အကျဉ်းထောင်သို့ ရွှေ့ပြောင်းနေကြောင်း တရားရုံးအမှုများတွင် တွေ့ရှိနေ

ရှင်ကျန်းရှိ ဒေသအမြင့်ဆုံးတရားရုံးနှင့် အစိုးရရှေ့နေတစ်စုက ထုတ်ပြန်သည့် အစီရင်ခံစာ ၂ စောင်အရ ဝီဂါလူဦးရေကန့်သတ်ရေးဆိုင်ရာ တရုတ်နိုင်ငံ၏ မဟာဗျူဟာတွင် ဝီဂါများကို ပြန်လည်ပညာပေးရေးစခန်းများမှ အကျဉ်းထောင်သို့ ကူးပြောင်းနေကြောင်း ပြသနေသည်။

ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (XUAR) အစိုးရ၏တရားဝင်ဝက်ဘ်ဆက်ဖြစ်သော Tengritagh တွင် မတ်လ ၃ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများတွင် တစ်နှစ်တာအတွက် တရားစီရင်ရေးဆိုင်ရာ စာရင်းဇယားများကို ဖော်ပြထားသည်။

သို့သော် ပညာရှင်နှင့် လေ့လာသုံးသပ်သူများက ကိန်းဂဏန်းများသည် ရှင်ကျန်းရှိ ဝီဂါနှင့် အခြားလူနည်းစုဝင်များကို တရားစွဲရန်ပိုမိုတရားဝင်သော်လည်း အကျင့်ပျက်ခြစားသည့်နည်းလမ်းများကို အသုံးပြုမည့် မဟာဗျူဟာပြောင်းလဲမှုဖြစ်သည်ဟု ဆိုသည်။

အစိုးရရှေ့နေများသည် အမျိုးမျိုးသော ပြစ်မှုပေါင်း ၁၂၉၀၀ ခန့်ပါဝင်သည့် အမှုပေါင်း ၂၈ ၄၉၀ နှင့်ပတ်သက်သော လူပေါင်း ၄၄ ၆၀၀ ထက်မနည်းကို စီရင်ချက်ချလုနီးပါး ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း XUAR တွင် ဇန်နဝါရီ ၂၄ ရက်က ပြုလုပ်ခဲ့သည့် ၁၃ ကြိမ်မြောက် ပြည်သူ့ကွန်ဂရက်၏ ၅ကြိမ်မြောက်

အစည်းအဝေးတွင် ပြည်သူ့တရားရေးမှူးရုံးအကြီးအကဲ လီယောင်ဂျွန်းမှ ဖတ်ကြားသော အစီရင်ခံစာတွင် ပါရှိသည်။

၂၀၂၁ ခုနှစ်လုပ်ငန်းအစီရင်ခံစာတွင် တရားသူကြီးချုပ် ဘဟာဂူဆီတ်က ဒေသ၏ တရားရုံးများသည် အမှုပေါင်း ၆၆၈ ၉၀၀ ကို ကိုင်တွယ်ခဲ့သည်ဟုပြောကြားခဲ့သည်။ ၎င်းတို့အနက် ၆၀၆၂၀၀ ကို ပြန်လည်သုံးသပ်ရန် ပိတ်ထားသည်။ ထိပ်တန်းတရားရုံးချုပ်ကလည်း အမှုပေါင်း ၅၈၂၀ ကို ကိုင်ထားကာ ၎င်းတို့အနက်မှ ၅၂၇၁ မှုကို ပိတ်ပစ်ခဲ့သည်။

ဝီဂါများအပေါ် တရုတ်နိုင်ငံ၏ အနိုင်ကျင့်မှုများကိုသက်သေတင်ပြခဲ့သော ဂျာမန်သုတေသီ အေဒရီရန်းဇန်းက ရှင်ကျန်းတရားရုံးများတွင် အမှုအခင်းများနှင့်စုံစမ်းစစ်ဆေးမှုအရေအတွက်သည် ၂၀၁၈ ခုနှစ်နောက်ပိုင်း ၂ ဆနီးပါး တိုးလာသည်ဟု ပြောသည်။

ထိုအချက်များနှင့် ရုံးတင်စစ်ဆေးမှုအတွင်း ဝီဂါဘာသာစကားဖြင့် ဘာသာပြန်မှု များပြားလာနေသောအချက်က “ဒေသတွင်း တရုတ်အစိုးရရဲ့ ဖိနှိပ်မှုဟာ အဓိကအားဖြင့် ဝီဂါအများအပြားကို ပြန်လည်ပညာပေးရေးစခန်းတွေကနေ ထောင်ဒဏ်ချမှတ်တဲ့ဘက်ကို ကူးပြောင်းနေတာပါ။ ဝီဂါတွေကို ပညာပေး စခန်းတွေကနေ မလွှတ်လိုက်ပါဘူး။ အဲဒီအစား အကျဉ်းထောင်တွေဆီ ပြောင်းပေးလိုက်တာပါ” ဟု ဇန်းက ပြောကြားခဲ့သည်။

“ရှင်ကျန်းက တစ်နှစ်မှာ ပြစ်မှုကျူးလွန်သူ ဘယ်နှယောက်ကို ထောင်ဒဏ်ချမှတ်လိုက်တယ်ဆိုတာကို ဆက်လက်ဖုံးကွယ်ထားတုန်းပါပဲ။ ၂၀၁၈ ခုနှစ်မှာ အဲဒီကိန်းဂဏန်းထုတ်ပြန်တာ ရပ်ခဲ့ပါတယ်။ ဒါဟာ တရုတ်အစိုးရက ဝီဂါတွေကို ပြန်လည်ပညာပေးရေးစခန်းတွေကနေ ပြင်ပက အကျဉ်းစခန်းတွေဆီ ပြောင်းပစ်နေတယ်ဆိုတဲ့ သူတို့ရဲ့ မဟာဗျူဟာကို ဖုံးကွယ်နေတာပါ” ဟု ဇန်းက ဆိုသည်။

တရုတ်နိုင်ငံ၏ တရားစီရင်ရေးနှင့်ဥပဒေရေးရာတွင် ကျွမ်းကျင်သော ချီကာဂိုတက္ကသိုလ်မှဧည့်ပါမောက္ခ ဥပဒေပညာရှင်ဖြစ်သူ တန်းပေါင်က တရားရုံးများသည် ရှင်ကျန်းဒေသတွင် ဖိနှိပ်ချုပ်ခြယ်မှုလက်နက်တစ်ခုဖြစ်လာကြောင်း RFA သို့ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required