တူရကီတွင် တရုတ်လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်သည့် ချီတက်ဆန္ဒပြပွဲ ကျင်းပ

By Asian Lite News
14 March 2022
တူရကီတွင် တရုတ်လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်သည့် ချီတက်ဆန္ဒပြပွဲ ကျင်းပ

တရုတ်၏ လူအခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်သည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအထိမ်းအမှတ်နေ့တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ချီတက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြသည်။

NGO အဖွဲ့အစည်းဖြစ်သည့် အရှေ့တာကစ္စတန်သမဂ္ဂ၏ ဥက္ကဋ္ဌ ဟီဒါယက်တာလာအိုဂူခန်က ဦးဆောင်၍ ‘အပြာရောင်ချီတက်ပွဲ’ ဟုခေါ်ဆိုသော ဆန္ဒပြပွဲ ကျင်းပခဲ့သည်။

ရဲတပ်ဖွဲ့က တားမြစ်ပိတ်ပင်ထားသော်လည်း မတ် ၈ ရက်က ဘီယာဇစ်ရင်ပြင်အနီးရှိ ဆန်ရာချ်နာပန်းခြံသို့ ထောင်နှင့်ချီသော အမျိုးသမီးများ ချီတက်ဆန္ဒပြခဲ့ကြသည်။

ဝီဂါအလံများနှင့် စာတန်းများ ကိုင်ဆောင်ထားသော ဆန္ဒပြသူများသည် တရုတ်ဆန့်ကျင်ရေးနှင့် အရှေ့တာကစ္စတန်လိုလားသော ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။

အချို့ကလည်း “ဝီဂါအမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပြန်ပို့သည့် အီမရန်ခန်းလုပ်ရပ်သည် ရှက်ဖွယ်ကောင်းသည်’၊ ‘ဝီဂါမွတ်စလင်အမျိုးသမီးများကို အီမရန်ခန်းက မျက်ကွယ်ပြုထားသည်’ ဟူသော စာတန်းများကို ကိုင်ဆောင်ထားကြသည်။

ဆန္ဒပြသူများကတရုတ်နိုင်ငံ ရှင်ကျန်းတွင် အကျဉ်းစခန်းများပိတ်ပေးရန်နှင့် ကလေးများအား အတင်းအကျပ်ခွဲထားခြင်းကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြသည်။အချို့သော ဆန္ဒပြသူများက ‘လူမျိုးတုံးသတ်ဖြတ်မှုတွေ ရပ်’ အကျဉ်းစခန်းတွေပိတ်’ စသည့် ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly