တရုတ်နိုင်ငံ၏ ဂျီဒီပီ နှစ် ၃၀ ကျော်အတွင်း အနိမ့်ဆုံးဖြစ်နိုင်

တရုတ်နိုင်ငံ၏ ဂျီဒီပီ နှစ် ၃၀ ကျော်အတွင်း အနိမ့်ဆုံးဖြစ်နိုင်

တရုတ်နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) သည် ၂၀၂၂ခုနှစ် တွင် ၅ ဒသမ ၅ ရာခိုင်နှုန်းတိုးလာရန် မျှော်လင့်ထားပြီး နှစ် ၃၀ ကျော်အတွင်း အနိမ့်ဆုံးဖြစ်မည်ဟု တရုတ်က မတ်လ ၅ ရက်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ဂျီဒီပီ တိုးတက်မှု ရည်မှန်းချက်သည် ၂၀၂၁ ခုနှစ်တွင် ရရှိခဲ့သော စီးပွားရေး ၈ ဒသမ ၁ ရာခိုင်နှုန်း သတ်မှတ်ချက်ထက် သိသိသာသာ နိမ့်ကျနေသည်။

မတ်လ ၅ရက် နံနက်ပိုင်းတွင် ပြုလုပ်သော တရုတ် ထိပ်တန်း ဥပဒေပြုလွှတ်တော် နှစ်ပတ်လည်အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဝန်ကြီးချုပ် လီခါ့ချင်က အစိုးရ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာတွင် နှစ်စဉ် တရားဝင် တိုးတက်မှုပန်းတိုင်ကို ထုတ်ဖော်ခဲ့သည်ဟု Global Times သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယသည် အလျင်မြန်ဆုံး ကြီးထွားလာသော အဓိကစီးပွားရေးနိုင်ငံအဖြစ် ပေါ်ထွက်လာနေသည်။ အိန္ဒိယ စီးပွားရေးသည် ၂၀၂၂ခုနှစ် မတ်လကုန်တွင်ကုန်မည့် ဘဏ္ဍာရေးနှစ်ကုန်တွင် ၉ ဒသမ ၂ ရာခိုင်နှုန်း တိုးတက် မည်ဟု ခန့်မှန်းထားသည်။

၂၀၂၂-၂၀၂၃ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အိန္ဒိယသည် ဂျီဒီပီတိုးတက်မှုကို ၈ မှ ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ရည်မှန်းထားသည်။

တရုတ်၏ လျာထားချက်သည် ပြက္ခဒိန်နှစ်အတွက်ဖြစ်ပြီး အိန္ဒိယ၏ လျာထားချက်မှာ ဧပြီလမှ မတ်လအထိ ဘဏ္ဍာရေးနှစ်အတွက်ဖြစ်သော်လည်း အိန္ဒိယ၏ စီးပွားရေးတိုးတက်မှုသည် တရုတ်ထက်ပိုမိုမြန်ဆန်မည်ဟု ခန့်မှန်းထားသည်။

နောက်ထပ် အနီးကပ် စောင့်ကြည့်နေသည့် အချက်အလက်မှာ တရုတ်၏ လိုငွေပြမှု ဂျီဒီပီ အချိုးသည် ၂၀၂၂ခုနှစ်အတွက် ၂ ဒသမ ၈ ရာခိုင်နှုန်းဝန်းကျင်ဟု ခန့်မှန်းထားကြောင်း အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်၏ ဂျီဒီပီသည် ၂၀၂၂ခုနှစ်တွင် ၅ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန် လျာထားပြီး ၁၉၉၁ခုနှစ် နောက်ပိုင်း အနိမ့်ဆုံးဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly