အလုပ်အကိုင် တန်းတူညီမျှရေးမူဝါဒကြောင့် တောင်အာဖရိကတွင် Huawei ပြဿနာတက်နေ

အလုပ်အကိုင် တန်းတူညီမျှရေးမူဝါဒကြောင့် တောင်အာဖရိကတွင် Huawei ပြဿနာတက်နေ

တောင်အာဖရိကနိုင်ငံ အလုပ်အကိုင်နှင့် အလုပ်သမားရေးရာဌာနသည် Huawei Technologies South Africa အား အလုပ်အကိုင်ဆိုင်ရာ မူဝါဒကို လိုက်နာခြင်းမရှိသည့်အတွက် ဖေဖော်ဝါရီလက တရားရုံးတွင် တရားစွဲခံခဲ့ရသည်။

Huawei ၏ ၂၀၂၀ပြည့်နှစ် နှစ်ချုပ်စာရင်းတွင် ကုမ္ပဏီသည် မြေယာဥပဒေအား လိုက်နာခြင်းမရှိကြောင်း တောင်အာဖရိကအာဏာပိုင်များက တွေ့ရှိခဲ့သည်။

အစီရင်ခံချက်များအရ ကုမ္ပဏီသည် တောင်အာဖရိက၏ အလုပ်အကိုင်ညီမျှမှုမူဝါဒကို ချိုးဖောက်ပြီး ၉၀ ရာခိုင်နှုန်းခန့်သည် နိုင်ငံခြားသားများကို အလုပ်ခန့်ထားသည်။

စည်းမျဉ်းစည်းကမ်းဖောက်ဖျက်မှု စွပ်စွဲချက်များအတွက် Huawei ၏ ၂၀၂၀ပြည့်နှစ် ဝင်ငွေ၏ ၂ ရာခိုင်နှုန်း ဖြစ်သည့် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၉၉၁၅၁ ချမှတ်ရန် တရားရုံးအား တောင်အာဖရိက အစိုးရက တောင်းဆို ထားပြီး Huawei အား ဥပဒေကို လိုက်နာရန် အကြံပြုထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကုမ္ပဏီ၏ စက်ပစ္စည်းများကို တရုတ်အစိုးရက သူလျှိုလုပ်ငန်းတွင် အသုံးပြုနိုင်ကြောင်း စွပ်စွဲမှုများဖြင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်နေရသည့် တရုတ်နည်းပညာကုမ္ပဏီကြီးအား တောင်အာဖရိက အစိုးရက တရားဥပဒေအရ စိန်ခေါ်လိုက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ တောင်အာဖရိကကိစ္စတွင် မြေယာဥပဒေအရ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းများတွင် Huawei သည် စီမံကိန်းများတွင် ဒေသခံအလုပ်သမား ၆၀ ရာခိုင်နှုန်းနှင့် နိုင်ငံခြားသား ၄၀ ရာခိုင်နှုန်းကိုသာ အလုပ်ခန့် သင့်သည်ဟု ပြဌာန်းထားသည်။

ထို့ပြင် ဌာန၏ စုံစမ်းစစ်ဆေးမှုအရ Huawei သည် ထိပ်တန်းစီမံခန့်ခွဲမှုအဆင့်တွင် ဝန်ထမ်း ၅ ဦးရှိပြီး ၅ ဦးစလုံး (၁၀ဝ ရာခိုင်နှုန်း) သည် နိုင်ငံခြားသားများဖြစ်ကြောင်းလည်း တွေ့ရှိရသည်။

Huawei သည် အဆိုပါကိန်းဂဏန်းကို လာမည့် ၂ နှစ်အထိ ဆက်လက်ထားရှိရန် ရည်ရွယ်ထားပြီး ကုမ္ပဏီ သည် အကြီးတန်းစီမံခန့်ခွဲမှုအဆင့်တွင် နိုင်ငံခြားသားအရေအတွက်ကို တိုးမြှင့်ရန် ရည်ရွယ်ထားသည်။

လက်ရှိတွင် အကြီးတန်းစီမံခန့်ခွဲမှုရာထူးများတွင် ဝန်ထမ်းစုစုပေါင်း ၇၁ ဦးရှိသည့်အနက် ၂၇ ဦး (၃၈ ရာခိုင်နှုန်း) သည် နိုင်ငံခြားသားများဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required