အမေရိကန်နှင့် ဥရောပတို့မှ နည်းပညာ တားမြစ်ချက်များ ချမှတ်ပြီးနောက် တရုတ်က ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်

By ANI
14 March 2022
အမေရိကန်နှင့် ဥရောပတို့မှ နည်းပညာ တားမြစ်ချက်များ ချမှတ်ပြီးနောက် တရုတ်က ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်

အမေရိကန်နှင့် ဥရောပတို့က နည်းပညာရယူမှုအပေါ် ကန့်သတ်ချက်များ ချမှတ်ပြီးနောက် တရုတ်က စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ၇ ဒသမ ၁ ရာခိုင်နှုန်း တိုးမြှင့်ရန် ဆုံးဖြတ်လိုက်ခြင်းသည် ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပိုမိုသုံးစွဲရန် ဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူများက သုံးသပ်ထားသည်။ .

မတ်လ ၅ ရက်က ထုတ်ပြန်ခဲ့သော ဘတ်ဂျက် အဆိုပြုချက်မူကြမ်းတွင် တရုတ်နိုင်ငံသည် ယင်း၏ စစ်အသုံးစရိတ်ကို ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၂၉ ဒသမ ၅ ဘီလီယံအထိ တိုးမြှင့်သွားမည်ဖြစ်သည်။

တရုတ်၏ ထိပ်တန်း ဥပဒေပြုလွှတ်တော် နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲတွင် ဘတ်ဂျက်မူကြမ်းကို ထုတ်ပြန် ခဲ့သည်။

“ဗဟိုအဆင့် ဘတ်ဂျက်အဓိက အသုံးစရိတ်တွင် အောက်ပါတို့ ပါဝင်သည်။ နိုင်ငံတော် ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၂၉ ဒသမ ၅ ဘီလီယံ အသုံးစရိတ်ရှိလာပြီး ၇ ဒသမ ၁ ရာခိုင်နှုန်း တိုးလာသည်” ဟု ဘတ်ဂျက်မူကြမ်းတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်တွင် တရုတ်သည် စစ်ရေးပညာနှင့် တိုက်ခိုက်ရေးလေ့ကျင့်မှုများကို တိုးမြှင့်မည်ဖြစ်ကြောင်း အစိုးရ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်သည် အမေရိကန်ပြီးလျှင် ကမ္ဘာဒုတိယမြောက် ကာကွယ်ရေးအသုံးစရိတ် အများဆုံးနိုင်ငံဖြစ်ပြီး တာဝေးပစ်၊ နျူကလီးယား စွမ်းရည်ရှိသော ဒုံးကျည်များနှင့် အခြားလက်နက်များတွင် ရင်းနှီးမြှုပ်နှံထားကြောင်း ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လတွင် တရုတ်နိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၂၀၉ ဘီလီယံကို ကြေညာခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသော်လည်း ၂၀၂၀ ပြည့်နှစ်ကထက် ၆ ဒသမ ၆ ရာခိုင်နှုန်း မြင့်မားခဲ့သည်။

တရုတ်ဝန်ကြီးချုပ် လီခါ့ချင်သည် ပေကျင်းမြို့တွင် ကျင်းပသည့် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ၅ ကြိမ်မြောက် အစည်းအဝေး၌ အစိုးရလုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ထုတ်ဖော်ခဲ့ပြီး ၂၀၂၂ ခုနှစ် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလုံးစုံ လိုအပ်ချက်များနှင့် မူဝါဒ လမ်းညွှန်ချက်ကို မိတ်ဆက်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly