ပိုလန်နယ်စပ်အနီး ယူကရိန်း စစ်အခြေစိုက်စခန်းကို ရုရှက တိုက်ခိုက်

ပိုလန်နယ်စပ်အနီး ယူကရိန်း စစ်အခြေစိုက်စခန်းကို ရုရှက တိုက်ခိုက်
Photo - AFP

မတ်လ ၁၃ ရက်

ယူကရိန်းနိုင်ငံ၏ အနောက်ဘက်မြို့ အယ်လ်ဗစ်မြို့၏ အပြင်ဘက် စစ်အခြေစိုက်စခန်းတစ်ခုကို ရုရှတို့ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ လူ ကိုးဦး သေဆုံးခဲ့သည်ဟု ဒေသတာဝန်ရှိသူများက မတ်လ ၁၃ ရက်တွင် ပြောသည်။ ယင်းတိုက်ခိုက်မှုက ပဋိပက္ခစစ်ပွဲကို နေတိုးအဖွဲ့ဝင်ဖြစ်သည့် ပိုလန်နိုင်ငံ၏ နယ်စပ်နားအထိ အန္တရာယ်ကြီးစွာ နီးနီးကပ်ကပ် ရောက်ရှိလာစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ယူကရိန်း၏ မြို့တော် ကိယက်ဗ်သည်လည်း ဖေဖေါ်ဝါရီ ၂၄ ရက်၌ နိုင်ငံကို စတင်ကျူးကျော်ဝင်ရောက်ခဲ့သည့် ရုရှတပ်ဖွဲ့များ၏ ဖြစ်နိုင်ခြေရှိ ဝန်းရံမှုကို ခုခံကာကွယ်တိုက်ထုတ်ရန် အသင့်ပြင်ဆင်လျက် ရှိသည်။

ရုရှတို့အနေဖြင့် ယူကရိန်းကို သိမ်းယူနိုင်လိမ့်မည် မဟုတ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက စနေနေ့ည ဆိုရှယ်မီဒီယာတွင် တင်ခဲ့သည့် ဗီဒီယိုမိန့်ခွန်းတစ်ရပ်တွင် အလျှော့မပေးစတမ်း ပြောဆိုခဲ့သည်။

“ရုရှ ကျူးကျော်သူတွေ ကျုပ်တို့ကို အနိုင်မယူနိုင်ပါဘူး။ သူတို့မှာ အဲဒီလောက် စွမ်းပကား မရှိပါဘူး။ ဒါတို့မှာ အဲဒီလို စိတ်ဓာတ်အားမာန်လည်း မရှိပါဘူး။ သူတို့ဟာ အကြမ်းဖက်မှုကိုပဲ ဆုပ်ကိုင်ထားနေတာပါ” ဟု ဇယ်လန်စကီးက ပြောခဲ့သည်။

ယူကရိန်း အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် သီတင်းပတ်နှစ်ပတ်ကြာ တိုက်ခိုက်မှုများ လုပ်ခဲ့ပြီးနောက် ရုရှတပ်များသည် ပြီးခဲ့သည့် ရက်များအတွင်း နိုင်ငံအလယ်ပိုင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့သလို ယခုအခါ နိုင်ငံအနောက်ဘက်သို့ ရောက်လာခဲ့ရာ နေတိုးအဖွဲ့ဝင် ပိုလန်နှင့် အီးယူတို့နှင့် နယ်စပ်နားသို့ နီးကပ်လာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required