ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်း၏ ရည်မှန်းချက်ကြီးမားသော အိမ်ရာစီမံကိန်း ရှေ့မဆက်နိုင်ဘဲ ဖြစ်နေ

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်း၏ ရည်မှန်းချက်ကြီးမားသော အိမ်ရာစီမံကိန်း ရှေ့မဆက်နိုင်ဘဲ ဖြစ်နေ

ပါကစ္စတန်နိုင်ငံတွင် အစိုးရ ပံ့ပိုးသော အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် တည်ဆောက်နေသည့် ကန်ထရိုက်တာများသည် ယခုအခါ စရိတ်စက မြင့်တက်မှုကြောင့် စီမံကိန်းလုပ်ငန်းများကို ဆက်မလုပ်နိုင်ဘဲ ရပ်ဆိုင်းထားကြောင်း မတ်လ ၃ ရက်၌ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက အများပြည်သူဆိုင်ရာ ငွေစာရင်းကော်မတီ (PAC) ထံ တင်ပြပြောဆိုခဲ့သည်။

အိမ်မဲ့ယာမဲ့ ဖြစ်နေသူများကို နေအိမ်များ ထောက်ပံ့ပေးမည်ဟုဆိုကာ လူသိရှင်ကြား ဂုဏ်ယူစွာ အသိပေး ထားသော ဝန်ကြီးချုပ် ခန်း၏ မျှော်မှန်းချက်အပေါ် စရိတ်စက မြင့်တက်မှုက အဓိက ထိုးနှက်ချက်တစ်ခု ဖြစ်နေသည်။

နိုင်ငံတွင် ယမန်နှစ် ဩဂုတ်လက သံမဏိနှင့် ဘိလပ်မြေ ဈေးနှုန်းများ အလွန်အကျွံ မြင့်တက်ခဲ့မှုကြောင့် အာဏာရ ပါတီ (PTI) အစိုးရလက်ထက် စတင်ဖော်ဆောင်နေခဲ့သည့် အိမ်ရာ စီမံကိန်း ဖော်ဆောင်မှုများ ရပ်ဆိုင်းသွားခဲ့ခြင်း ဖြစ်သည်ဟု အိမ်ရာ ဖော်ဆောင်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အတွင်းဝန် ဒေါက်တာ အီမရန် ဇက်ဘ်က ပြောသည်။

ဒေါက်တာ အီမရန် ဇက်ဘ်သည် ဖက်ဒရယ် အစိုးရအမှုထမ်းများဆိုင်ရာ အိမ်ရာ အာဏာပိုင်အဖွဲ့ (FGEHA) နှင့် ပါကစ္စတန် အိမ်ရာ အာဏာပိုင်အဖွဲ့ ဖောင်ဒေးရှင်းတို့၏ လုပ်ဆောင်ဆဲ စီမံကိန်းများနှင့် ပတ်သက်ပြီး PAC ကော်မတီထံတွင် တင်ပြပြောဆိုခဲ့ခြင်း ဖြစ်သည်။

PAC ကော်မတီသည် ၂၀၁၉-၂၀၂၀ ကာလအတွက် အိမ်ရာဖော်ဆောင်မှု ဝန်ကြီးဌာန၏ စာရင်းစစ် အစီရင်ခံစာအပေါ် လေ့လာစစ်ဆေးခဲ့သည်။

အစိုးရ၏ အိမ်ရာ ပရောဂျက်များနှင့် ပတ်သက်ပြီး တည်ဆောက်ရေး လုပ်ငန်းများကို စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် သံမဏိဈေးနှုန်းသည် မကြုံစဖူးအားဖြင့် တစ်တန်လျှင် ရူပီး ၁၄၀,၀၀၀ မှ ၂၁၀,၀၀၀ အထိ မြင့်တက်ခဲ့သလို အလားတူကာလအတွင်း ဘိလပ်မြေဈေးသည်လည်း မကြုံစဖူး မြင့်တက်ထားခဲ့ကြောင်း ဒေါက်တာ ဇက်ဘ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly