ဒေါ်သက်သက်ခိုင်၏ PPP ပါတီ ဒုဥက္ကဌ ဦးကျော်ဇေယျ နှုတ်ထွက်

ဒေါ်သက်သက်ခိုင်၏ PPP ပါတီ ဒုဥက္ကဌ ဦးကျော်ဇေယျ နှုတ်ထွက်

မတ် ၁၂

စစ်ကောင်စီခန့် ဝန်ကြီး ဒေါ်သက်သက်ခိုင် တည်ထောင်ထားသည့် ပြည်သူ့ရှေ့ဆောင် ပါတီ (PPP) ၏ ဒုဥက္ကဌ ဦးကျော်ဇေယျသည် ပါတီမှ နှုတ်ထွက်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသား ထားသည်။

ပါတီတွင် ဗဟိုအလုပ်မှုဆောင် (CEC) ၁၉ ဦး အနက် သုံးဦးသာ ကျန်ရှိတော့သည်ဟု ၎င်းက ဆိုထားသည်။

လက်ရှိ ပါတီအတွင်း လုပ်ပိုင်ခွင့် ရှိကြသည့် ဗဟိုအမှုဆောင် အချို့က Viber Group တွင် စာရေးသားပြီး ၎င်းအား စိန်ခေါ်လာသဖြင့် အဆိုပါ စာနှင့် ပတ်သက်ပြီး အစည်းအဝေး ခေါ်ယူကာ ဖြေရှင်းပေးရန် တောင်းဆိုခဲ့မှုကို ဆောင်ရွက်ပေးခြင်း မရှိသဖြင့် ပါတီမှ နုတ်ထွက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်သက်သက်ခိုင်နှင့် ဦးကျော်ဇေယျတို့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ကြသူများ ဖြစ်ပြီး NLD ပါတီနှင့် လမ်းခွဲပြီးနောက် ပြည်သူ့ရှေ့ဆောင် ပါတီ (PPP) ပါတီကို အတူတကွ ထူထောင်ကာ ဥက္ကဌ၊ ဒုဥက္ကဌ တာဝန်များ ယူထားကြသူများ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း ပြည်သူ့ရှေ့ဆောင် ပါတီမှ ဦးကျော်ဇေယျသည် အမျိုးသားလွှတ်တော် နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည်။

#Mizzima

#PPPပါတီ

#ဒေါ်သက်သက်ခိုင်

#ဦးကျော်ဇေယျ

#နှုတ်ထွက်

#NLD

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly