အိန္ဒိယနှင့် ကုန်သွယ်မှု ပြန်စရန် ပါကစ္စတန်အစိုးရကို ပြည်တွင်းစီးပွားရေးခေါင်းဆောင် တိုက်တွန်း

အိန္ဒိယနှင့် ကုန်သွယ်မှု ပြန်စရန် ပါကစ္စတန်အစိုးရကို ပြည်တွင်းစီးပွားရေးခေါင်းဆောင် တိုက်တွန်း

နိုင်ငံတွင် ကုန်ဈေးနှုန်း မြင့်တက်မှုနှင့် ကြုံတွေ့နေရစဉ် ပါကစ္စတန်အနေဖြင့် အိန္ဒိယနှင့် ကုန်သွယ်ရေး ဆက်ဆံပတ်သက်မှုများ ပြန်လည်စတင်သင့်ကြောင်း ပါကစ္စတန်အမျိုးသား စီးပွားရေးအုပ်စု၏ ဥက္ကဋ္ဌဖြစ်သည့် မီအန် ဇာဟစ် ဟူစိန်က တိုက်တွန်းလိုက်သည်။

အိန္ဒိယထံမှ ကုန်ကြမ်းများနှင့် အခြားဖြည့်သွင်းစရာပစ္စည်းများကို တိုက်ရိုက်တင်သွင်းခြင်းက နိုင်ငံတွင် ထုတ်လုပ်မှုဆိုင်ရာ ကုန်ကျစရိတ်ကို လျော့ကျစေရုံသာမကဘဲ ပို့ကုန်များကို တိုးတက်စေလိမ့်မည်ဟု ပြည်နယ်ဝန်ကြီးဟောင်းတစ်ဦးလည်းဖြစ်သည့် ဟူစိန်က မတ်လ ၂ ရက်တွင် ပြောကြားသည်။

ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းများ မြင့်တက်မှုကို လျော့ကျစေပြီး ပြည်သူများကို သက်သာချောင်ချိစေရေး ထောက်ပံ့ရန် အထိရောက်ဆုံး နည်းလမ်းက အငြင်းပွားဖွယ် လက်တွေ့မကျသော အထောက်အပံ့အစီအစဉ်တစ်ခုမဟုတ်ကြောင်း ဟူစိန်က ပြောသည်ဟု The Frontier Post က ဖော်ပြသည်။

အိန္ဒိယနှင့် ကုန်သွယ်ရေး ဆက်ဆံမှု ပြန်လည်ထားရှိခြင်းက ပါကစ္စတန်တွင် ကုန်ဈေးနှုန်းမြင့်တက်မှုကို ကူညီလျော့ကျစေလိမ့်မည်ဟု ၎င်းက ပြောသည်။

ယူအေအီးကနေတဆင့် အိန္ဒိယနှင့်အကြား ကုန်သွယ်မှုတစ်ချို့ ရှိနေသည်ဆိုသော်လည်း ဈေးနှုန်းများကို မြင့်တက်စေပြီး ထုတ်လုပ်မှုနှင့် ပို့ကုန်များကို ပိုမို စရိတ်စကကြီးစေကြောင်း ၎င်းက ပြောသည်။

အခြေအနေအပေါ် သုံးသပ်နားလည်ခြင်းအားဖြင့် အိန္ဒိယနှင့်အကြား ကုန်သွယ်မှုကို ဖွင့်လှစ်သင့်ကြောင်း၊ သို့မှသာ နိုင်ငံတွင် ကုန်ထုတ်လုပ်မှု စရိတ်စကနှင့် ကုန်ဈေးနှုန်းတက်မှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း ဟူစိန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly