ထားဝယ်မြို့တွင် ဖမ်းဆီးခံရသည့် လူငယ် ၁၄ ဦးအနက် ၂ ဦးကို စစ်ကောင်စီတပ် ပြန်လွှတ်

ထားဝယ်မြို့တွင် ဖမ်းဆီးခံရသည့် လူငယ် ၁၄ ဦးအနက် ၂ ဦးကို စစ်ကောင်စီတပ် ပြန်လွှတ်

မတ် ၁၁

ထားဝယ်မြို့၊ ကညုံရပ်ကွက်၊ တိုက်သစ်ကျောင်းလမ်းရှိ ဝေါ့ရှော့ အလုပ်ရုံနှင့် ပိန္နဲတောရပ်ကွက် ကုန်မာဆိုင်တွင် အလုပ်လုပ်နေသူ လူငယ် နှစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးပြီးနောက် သုံးရက် အကြာတွင် ပြန်လွှတ်ပေး လိုက်ကြောင်း မြို့ခံများထံမှ သိရသည်။

ထားဝယ်မြို့ပေါ်တွင် မတ်လ ၇ ရက်နေ့က နေရာ အသီးသီးတွင် စစ်ကောင်စီတပ် အကြောင်းမဲ့ လိုက်လံ ဖမ်းဆီးခဲ့သည့် ဒေသခံ ၁၄ ဦးအနက် ကိုအောင်ထူးနှင့် ကိုဝေယံ တို့ကို ယမန်နေ့ မတ်လ ၁၀ ရက်တွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံက ပြောသည်။

"ဖမ်းပြီး သုံးရက် အကြာမှာ ပြန်လွတ် လာတယ်၊ ထိခိုက် ဒဏ်ရာ ရတာမျိုးတော့ မရှိဘူး" ဟု ထားဝယ်မြို့ခံက ပြောသည်။

ထားဝယ်မြို့ပေါ်တွင် လူငယ်များကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး နှစ်ဦးသာ ပြန်လွှတ်ပေးရာ ကျန်လူငယ်များ ခရိုင်စစ်ကြောရေး၊ မြို့မရဲစခန်းနှင့် နေရာအချို့တွင် ဖမ်းဆီး စစ်ဆေး ခံနေရဆဲ ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ထားဝယ် ထောင်တွင်း တရားရုံးက ယခုနှစ် မတ်လ ၆ ရက်နေ့ အထိ အမျိုးသား ၁၇၅ ဦးနှင့် အမျိုးသမီး ၃၈ ဦး စုစုပေါင်း ၂၁၃ ဦးတို့ကို ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။

#Mizzima

#ထားဝယ်မြို့

#ပြန်လွှတ်

#ထောင်တွင်းတရားရုံး

#ခရိုင်စစ်ကြောရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly