နီပေါကုန်သည်များကို တရုတ်လျစ်လျူရှုခြင်းကြောင့် ကုန်သွယ်မှုအခက်အခဲများ ပိုမိုဖြစ်လာ

နီပေါကုန်သည်များကို တရုတ်လျစ်လျူရှုခြင်းကြောင့် ကုန်သွယ်မှုအခက်အခဲများ ပိုမိုဖြစ်လာ

ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံနှင့်နီပေါနိုင်ငံအကြား ကုန်သွယ်မှုမှာ အဓိကအားဖြင့် ကုန်စည်စီးဆင်းမှုနှင့်လူသွားလာမှုအပေါ် တရုတ်၏ကန့်သတ်ချက်များကြောင့် အနှောင့်အယှက် အများအပြား ရှိစေခဲ့သည်။

ကြိုတင်ကြေညာခြင်းမရှိသော ကုန်သွယ်ရေးပိတ်ဆို့ခြင်းသည် နယ်စပ်ရှိ သန်းနှင့်ချီတန်သော ကုန်ပစ္စည်းများကို တင်ပို့သော နီပေါကုန်သည်များအတွက် အခက်အခဲ ဖြစ်စေသည်။

နီပေါအစိုးရက အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့သော်လည်း တရုတ်အာဏာပိုင်များက ဖြေရှင်း ဆောင်ရွက်ပေးခဲ့ခြင်း မရှိခဲ့သလို နီပေါကုန်သည်များမှာ စိတ်မသက်မသာဖြစ်ခဲ့ရသည်။

၂၀၁၅ ခုနှစ်တွင် နီပေါသည် အိန္ဒိယအပြင် အခြားရွေးချယ်စရာအဖြစ် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမျိုးစုံလုပ်ဆောင်ရန် ကြိုးပမ်းခဲ့သည်။ နီပေါနိုင်ငံသည် ကုန်သွယ်မှုနှင့်ဖြတ်သန်းသယ်ယူပို့ဆောင်မှု အပါအဝင် သဘောတူညီချက်များစွာ လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက်အရ နီပေါသည် ၎င်း၏ တတိယနိုင်ငံ ကုန်သွယ်မှုအတွက် တရုတ်ပင်လယ်နှင့် ကုန်းတွင်းဆိပ်ကမ်း ၇ ခုကို ဝင်ရောက်ခွင့်ရထားသည်။

တရုတ်က နီပေါကုန်သည်များအား ဗီဇာထုတ်ပေးခြင်းကို ကန့်သတ်လိုက်သောအခါတွင် နီပေါကုန်သည်များ ရင်ဆိုင်နေရသော ပြဿနာများ ပိုမိုများပြားလာခဲ့ပြီး ကုန်ပစ္စည်းမှာယူမှုများကို အွန်လိုင်းမှသာ လုပ်ဆောင်ရသောကြောင့် အရည်အသွေးနှင့်ပတ်သက်ပြီး လိမ်ညာသည်ဟု တိုင်ကြားမှုများခံရသည်။

ထို့ပြင် ကုန်စည်ပို့ဆောင်ခများလည်း မြင့်တက်လာသောကြောင့် ကုန်စည်များ ပိုမိုစျေးကြီးလာပြီး ငွေကြေးဖောင်းပွမှု သိသိသာသာ မြင့်တက်လာသည်။

သယ်ယူပို့ဆောင်ခမြင့်မားမှုကြောင့် လာမည့်နှစ်တွင်လည်း ကုန်ပစ္စည်းများ ပိုမိုဈေးတက်မည်ဖြစ်ကြောင်း ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ (UNCTAD) က ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly