တရုတ်၏ မကြေညာသော ကုန်သွယ်ရေး ပိတ်ဆို့မှုကြောင့် နီပေါ၏ စီးပွားရေးနှင့် ကုန်သည်များထိခိုက်

တရုတ်၏ မကြေညာသော ကုန်သွယ်ရေး ပိတ်ဆို့မှုကြောင့် နီပေါ၏ စီးပွားရေးနှင့် ကုန်သည်များထိခိုက်

ကိုဗစ်ထိန်းချုပ်ရေးအစီအမံ ခေါင်းစဉ်တပ်ပြီး တရုတ်၏ မကြေညာသော ကုန်သွယ်မှု ပိတ်ဆို့ခြင်း အစီအစဉ်များ ကြောင့် နီပေါ၏ စီးပွားရေးနှင့် ကုန်သည်များထိခိုက်ခဲ့ပြီး တရုတ်အပေါ် ကုန်သွယ်ရေးမိတ်ဖက်အဖြစ် မှီခိုအားထားရသည့်အပြင် စိုးရိမ်မှုများတိုးလာခဲ့သဖြင့် အိန္ဒိယကို ရွေးချယ်ရန် စဉ်းစားလာရသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံမှ သွင်းကုန်တန်ဖိုးသည် ရူပီးငွေ ၁၅၉ ဒသမ ၉၈ ဘီလီယံရှိပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ရူပီး ၁၂၉ ဒသမ ၈၇ ဘီလီယံမှ မြင့်တက်လာခြင်းဖြစ်သည်။

ကုန်သွယ်မှုပမာဏ တိုးလာသော်လည်း နီပေါနိုင်ငံသည် ကြီးမားသော လိုငွေပြမှုကို မဖြေရှင်းနိုင်ပေ။

တရုတ်နှင့် နီပေါတို့၏ ကုန်သွယ်မှုလိုငွေမှာ ရူပီး ၂၃၂ ဒသမ ၉၀ ဘီလီယံရှိပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် နီပေါ၏ ကုန်သွယ်မှုလိုငွေစုစုပေါင်း၏ ၁၄ ရာခိုင်နှုန်း ရှိသည်။

တရုတ်က နီပေါကုန်သည်များကို ဗီဇာထုတ်ပေးခြင်းကို ကန့်သတ်ထားသဖြင့် အမှာစာများကို အွန်လိုင်းမှ မှာယူရန် ဖိအားပေးခံနေရသည်။

အမှာစာများ အွန်လိုင်းမှ မှာယူရသည့်အတွက် ကုန်သည်အများအပြားသည် အရည်အသွေးနှင့် ပတ်သက်ပြီး လိမ်ညာလှည့်စားခံနေရသည်ဟု နီပေါသတင်း ဝက်ဘ်ဆိုက်Pardafas က ဖော်ပြခဲ့သည်။

ထို့ပြင် ကုန်စည်ပို့ဆောင်ခများလည်း မြင့်တက်လာသည်။

ရလဒ်အနေဖြင့် ကုန်စည်များ ပိုမိုဈေးကြီးလာပြီး ငွေကြေးဖောင်းပွမှု သိသိသာသာ မြင့်တက်လာခဲ့သည်။

တရုတ်၏ ယုံကြည်စိတ်ချရမှုမရှိခြင်းနှင့် အထက်စီးဆန်သော ကုန်သွယ်မှုအလေ့အကျင့်များသည် နိုင်ငံအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ နီပေါတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly