အိန္ဒိယအစိုးရက နိုင်ငံသားတို့၏ ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်များ ချိုးဖောက်မှုကို မခံရစေရန် တရုတ်အပလီကေးရှင်းများကိုပိတ်ပင်တားမြစ်

By Daily Sikh
11 March 2022
အိန္ဒိယအစိုးရက နိုင်ငံသားတို့၏ ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်များ ချိုးဖောက်မှုကို မခံရစေရန် တရုတ်အပလီကေးရှင်းများကိုပိတ်ပင်တားမြစ်

အိန္ဒိယသည် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး အများအပြားရှိသော်လည်း တရုတ်ကုမ္ပဏီပိုင် အပလီ ကေးရှင်းများကို ပိတ်ပင်ထားသည်။

အိန္ဒိယအပါအဝင် မည်သည့်နိုင်ငံမှ နိုင်ငံသား၏ ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်များ ချိုးဖောက်မှုကို သည်းခံမည်မဟုတ်ပေ။

အမျိုးသားလုံခြုံရေးနှင့် အိန္ဒိယနိုင်ငံသားများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက် နှင့် ပတ်သက်သည့် စိုးရိမ် ပူပန်မှုများကြောင့် အိန္ဒိယအစိုးရသည် သတင်းအချက်အလက်နည်းပညာအက်ဥပဒေ ၂၀ဝ၀ ပုဒ်မ ၆၉-က အရ နိုင်ငံအတွင်း တရုတ်အပလီကေးရှင်း ၅၄ ခု၏ လုပ်ငန်းဆောင်ရွက်မှုများကို မကြာသေးမီက ပိတ်ပင် တားမြစ်ခဲ့သည်။

တားမြစ်ထားသောအပလီကေးရှင်းများတွင် Dual Space၊ Badlanders၊ Wink နှင့် လူကြိုက်များသော Free Fire ဂိမ်းများပါဝင်သည်။

အီလက်ထရွန်းနစ်နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန (MEITY) မှ အဆိုပါအက်ပ်များအား Tencent၊ Alibaba နှင့် NetEase ကဲ့သို့သော တရုတ်နည်း ပညာ ကုမ္ပဏီကြီးများမှ ပိုင်ဆိုင်ပြီး ၂၀၂၀ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံတွင် တားမြစ်ထားသည့် အက်ပ်များကို ပြန်လည်ပြင်ဆင်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း မှတ်ချက် အထောက်အထားများကိုကိုးကား၍ မှတ်ချက် ပြုခဲ့သည်။

ထို့ပြင် ယင်းအက်ပ်များသည် အိန္ဒိယပြင်ပရှိ ဆာဗာများသို့ အသုံးပြုသူများ၏ အချက်အလက်များကို ဥပဒေမဲ့ ခိုးယူ၍ လျှို့ဝှက်ပေးပို့သည်ဟု တိုင်ကြားမှုများလည်း ရှိခဲ့ပြီး ယင်းကဲ့သို့ အချက်အလက်များကို စုစည်းခြင်း၊ ဖော်ထုတ်ခြင်းနှင့် ကိုယ်ရေးအချက်အလက်ဖိုင်များပြုလုပ်ခြင်းသည် အိန္ဒိယအမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကိုရန်လိုသည့် အစိတ်အပိုင်းများဖြင့် နောက်ဆုံးတွင် အိန္ဒိယ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်။

အိန္ဒိယနှင့် တရုတ်အကြား ကုန်သွယ်မှုဆက်ဆံရေးသည် ခိုင်မာနေသည့်အပြင် တရုတ်သည် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အိန္ဒိယ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်လာကာ အထူးသဖြင့် ဆေးဝါး၊ အီလက်ထရွန်နစ်နှင့် အိုင်တီဟာ့ဒ်ဝဲကဏ္ဍများတွင် အိန္ဒိယသို့ အကြီးဆုံး တင်ပို့သူဖြစ်သည်။

အိန္ဒိယတွင်စတင်ထူထောင်သည့် နည်းပညာလုပ်ငန်းများ၊ ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly