ယူကရိန်းတွင် ပိတ်မိနေသော အိန္ဒိယနိုင်ငံသားများကို ခေါ်ထုတ်ရန် ဆွေးနွေးမှုများ ပြုလုပ်

ယူကရိန်းတွင် ပိတ်မိနေသော အိန္ဒိယနိုင်ငံသားများကို ခေါ်ထုတ်ရန် ဆွေးနွေးမှုများ ပြုလုပ်

ယူကရိန်းနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ပါသာဆက်ပါသီသည် အယ်လ်ဗစ်မြို့တော်ဝန် အင်ဒရစ် ဆာဒိုဗီးနှင့် မတ်လ ၈ ရက်က တွေ့ဆုံကာ ယူကရိန်းနိုင်ငံတွင်း ပိတ်မိနေသည့် အိန္ဒိယ နိုင်ငံသားများအား ကယ်ထုတ် ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ လုပ်ငန်းစဉ်အဆင်ပြေစေရန် ဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်းလည်း သံအမတ်ကြီးက မြို့တော်ဝန်အား ပြောကြားခဲ့သလို သံရုံး၏ တွစ်တာတွင်လည်း “ သံအမတ်ကြီးက အယ်လ်ဗစ်မြို့တော်ဝန် အင်ဒရစ် ဆာဒိုဗီးနှင့် တွေ့ဆုံခဲ့ကာ ယူကရိန်းမှာရှိတဲ့ အိန္ဒိယနိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ဆွေးနွေးခဲ့ပါတယ်။ အဆိုပါ လုပ်ငန်းစဉ်မှာ ပါဝင်ကူညီခဲ့တဲ့အတွက်လည်း ကျေးဇူးတင် ကြောင်း သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်” ဟု ရေးသားထားသည်။

ယူကရိန်းတွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသားများအတွက် သံရုံး၏ သတိပေးချက်တွင် ရထား သို့မဟုတ် အခြားသယ်ယူပို့ဆောင်ရေးနည်းလမ်းတစ်မျိုးမျိုးကို အသုံးပြုကာ အကူအညီပေးသည့် လမ်းကြောင်းများဖြင့် ထွက်ခွာကြရန်သတိပေးထားသည်။

“ပိတ်မိနေတဲ့ နိုင်ငံသားတွေအနေနဲ့ စာနာထောက်ထားမှုအကူအညီပေးရေး နည်းလမ်းများကို အသုံးပြုပြီး ယူကရိန်းရဲ့ ဒေသအသီးသီးကနေ မတ်လ ၈ ရက်ကနေ စတင်ပြီး ထွက်ခွာကြဖို့ ကြေညာထားသည်” ဟု သတိပေးချက်တွင် ဖော်ပြထားသည်။

လုံခြုံရေးအခြေအနေကြောင့် နောက်တစ်ကြိမ် ကယ်ထုတ်ရေး အစီအစဉ်သည် မသေချာကြောင်းလည်း သတိပေးချက်တွင် ပါရှိသည်။

“ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေ အနေနဲ့ အခုအခွင့်အရေးကို အသုံးချဖို့ အကြံပြုပါတယ်။ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ရထား/ကားတို့အပြင် အခြားသော ဖြစ်နိုင်သမျှ နည်းလမ်းတွေကို အသုံးပြုပြီး ထွက်ခွာရန်လိုပါတယ်”ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

ယူကရိန်း၏ အိမ်နီးချင်း နိုင်ငံများမှ တဆင့် အိန္ဒိယနိုင်ငံသားများအား ကယ်ထုတ်မည့် အစီအစဉ်ဖြစ်သော ‘ဂင်္ဂါ စီမံချက်’ အရ ရိုမေးနီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဆူကာဗာမြို့မှတစ်ဆင့် အရပ်ဘက် အထူးလေယာဉ် ၂စင်းဖြင့် အိန္ဒိယနိုင်ငံသား ၄၁၀ ကို ရွှေ့ပြောင်းပေးခဲ့ခြင်းအပါအဝင် အရပ်ဘက်လေယာဉ်

၇၅ ကြိမ်ဖြင့် ပြန်လည်ခေါ်ယူပြီးသူ ၁၅၅၂၁ဦး၊ အိန္ဒိယလေတပ်မှ လေယာဉ်များဖြင့် ခရီးစဉ် ၁၂ ကြိမ်အတွင်း ခေါ်ယူခဲ့သူ ၂၄၆၇ ဦးနှင့် ကယ်ဆယ်ရေးပစ္စည်း ၃၂ တန်ကျော်ကိုလည်းပို့ဆောင်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly