မြိတ်မြို့ ပြင်ပ ဆေးခန်းတွင် သေဆုံးသွားသည့် အမျိုးသား COVID-19 ရောဂါပိုးတွေ့ရှိ

မြိတ်မြို့ ပြင်ပ ဆေးခန်းတွင် သေဆုံးသွားသည့် အမျိုးသား COVID-19 ရောဂါပိုးတွေ့ရှိ

ကိုရွှေမြိတ်

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ပြင်ပ ဆေးခန်း၌ ဆေးကုသနေစဉ် သေဆုံးသွားသည့် အမျိုးသား တစ်ဦးအား ကျန်းမာရေး စစ်ဆေးရာ COVID-19 ရောဂါပိုးတွေ့ရှိရကြောင်း ကျန်းမာရေး အဖွဲ့စည်းများထံမှ သိရ သည်။

ကိုဗစ်ကြောင့် သေဆုံးသူမှာ အသက် ၃၁ နှစ်ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး ၎င်းသည် မတ်လ ၉ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ် အချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ပရဟိတ ကျန်းမာရေး အဖွဲ့စည်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြိတ်မြို့ရှိ ပရဟိတ ကျန်းမာရေး အဖွဲ့စည်းမှ တာဝန်ရှိသူ တစ်ဦးက"မြိတ်မှာ ကိုဗစ်(COVID-19) ကူးစက်မှုနဲ့ သေဆုံးတဲ့ ငါးဦး မြောက် ဖြစ်ပါပြီး ရောဂါပိုး အတည်ပြု လူနာသစ်တွေကတော့ မြိတ်မှာ နေ့တိုင်းနီးပါး တွေ့ရှိနေပါတယ်"ဟု ပြောသည်။

မြိတ်မြို့တွင် လက်ရှိ အချိန်အထိ ကိုဗစ်ကြောင့် သေဆုံးသူ ဦးရေမှာငါးဦးအထိ ရှိကြောင်း သိရသည်။

#Mizzima

#တနင်္သာရီတိုင်း

#မြိတ်မြို့

#COVID19

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly