တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့ နှင့်တိုက်ပွဲဖြစ်၍ စစ်သားသေဆုံး

By ကိုရွှေမြိတ်
10 March 2022
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့ နှင့်တိုက်ပွဲဖြစ်၍ စစ်သားသေဆုံး

တနင်္သာရီ၊ မတ်လ၊ ၁၀

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ သမုတ်ချုံးကျေးရွာအုပ်စု ရှမ်းအင်းတော်ရွာ အနီးတွင် ယမန်နေ့က စစ်ကောင်စီ တပ်ဖွဲ့နှင့် PDF အဖွဲတို့ တိုက်ခိုက်မှုဖြစ်ပွါးရာ စစ်ကောင်စီ ဘက်က စစ်သားတစ်ဦး သေဆုံးကြောင်း ဘက်မလိုက် ပြောက် ကျားအဖွဲ့ထံမှ သိရသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီ တပ်ဖွဲ့ သည် ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာစဉ် မတ်လ ၉ ရက်နေ့ နံနက် ၆ နာရီ အချိန်တွင် တောင်ပံနီ ပြည်သူ့ ကာကွယ်ရေး အဖွဲ့ ဦးဆောင်ကာ တနင်္သာရီ-ရိုးမ ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ ဗိုလ်သုံးပြောင်းနှင့် ဘက်မလိုက်ပြောက်ကျား ပြည်သူ့ ကာကွယ်ရေးအဖွဲ့တို့ ပူပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

L.PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက"အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ကို ကြားဖြတ် တိုက်ခိုက်တာ၊ စစ်ကောင်စီ တပ်သား တစ်ဦး သေဆုံးတယ်၊ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့လို့ ကျွန်တော်တို့ (L.PDF) များ အောင်မြင်စွာ ဆုတ်ခွါ နိုင်ခဲ့ပါတယ်"ဟု ပြောသည်။

တင်္သာရီမြို့နယ်ရှိ ကျေးရွာ တချို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး PDF တပ်ဖွဲ့တို့ကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသည့် မြို့နယ် တစ်ခု ဖြစ်သည်။

#Mizzima

#တနင်္သာရီမြို့နယ်

#တိုက်ပွဲ

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly