အိန္ဒိယ၏ ကက်ရှ်မီးယားအခြေစိုက် လူ့အခွင့်အရေးအဖွဲ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကျင်းပ

အိန္ဒိယ၏ ကက်ရှ်မီးယားအခြေစိုက် လူ့အခွင့်အရေးအဖွဲ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကျင်းပ

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဆွေးနွေးနှီးနှောပွဲတစ်ကို အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားဒေသအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Voice for Peace and Justice ကကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ကက်ရှ်မီးယားဗဟိုတက္ကသိုလ်နှင့် ဗြိတိန်-အိန္ဒိယ ပညာရေးနှင့် သုတေသန အစီအစဉ်တို့က ပူးပေါင်းစီစဉ် ကျင်းပခြင်း ဖြစ်သည်။

ထင်ရှားကျော်ကြားသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နယ်ပယ်အသီးသီးတွင် အောင်မြင်မှုရရှိထားသည့် ကက်ရှ်မီးယားဒေသ အမျိုးသမီးများလည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ကက်ရှ်မီးယားဗဟိုတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဖာရွတ်ခ်အာမတ်ရှာဟာက “ကက်ရှ်မီးယားဒေသက အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Voice for Peace and Justice က ဆောင်ရွက်နေတဲ့အပေါ် ကျေနပ်အားရမိပါတယ်။ ကျွန်တော်တို့ဒေသက မိန်းကလေးတွေဟာ နယ်ပယ်တိုင်းမှာ ဦးဆောင်နေပါပြီ။ ကက်ရှ်မီးယားဒေသရဲ့ မျိုးဆက်သစ်လူငယ်တွေအကြားမှာ ကျား/မခွဲခြား ဆက်ဆံပြီး အလုပ်နယ်ပယ် စည်းခြားခံရမှုတွေ မရှိဖို့ ဆောင်ရွက်ရပါမယ်” ဟု ပြောကြားသည်။

ကက်ရှ်မီးယားဒေသရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက မနားမနေ ကြိုးပမ်း ဆောင်ရွက်ပေးမှုများကိုလည်း ရှာဟာက ဝမ်းမြောက်စကားပြောကြားခဲ့သည်။

အခမ်းအနားတွင် အမျိုးသမီးဆရာဝန်များ၊ အမျိုးသမီး အားကစားသမားများနှင့် ပညာရှင်များက ၎င်းတို့၏ ဇာတ်ကြောင်းများကို ပြန်လည်ပြောကြားခဲ့ကြပြီး အနာဂတ်မျိုးဆက်သစ်များအနေဖြင့် ဘဝတွင် အောင်မြင်မှု များ ပိုမိုရရှိစေရန် တိုက်တွန်းအားပေးခဲ့ကြသည်။

Voice for Peace and Justice သည် ကက်ရှ်မီးယားပြည်သူများ၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် အစီအစဉ်အများ အပြားတွင် ပါဝင်လုပ်ကိုင်နေသော လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly