လူသားချင်းစာနာမှု အကူအညီများ မမျှတသည့်အပေါ် အာဖဂန်အမျိုးသားတစ်ဦး နှင်းတောထဲတွင် ခြေဗလာဖြင့် လမ်းလျှောက်ဆန္ဒပြ

လူသားချင်းစာနာမှု အကူအညီများ မမျှတသည့်အပေါ် အာဖဂန်အမျိုးသားတစ်ဦး နှင်းတောထဲတွင် ခြေဗလာဖြင့် လမ်းလျှောက်ဆန္ဒပြ

အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း ဒိုင်ကွန်ဒီပြည်နယ်မှ လူငယ်အမျိုးသားတစ်ဦးဖြစ်သည့် အက်ဆန်သည် ယင်းနိုင်ငံ၌ လူသားချင်းစာနာမှု အကူအညီများ ပေးဝေရာတွင် မျှတမှု မရှိခြင်းအပေါ် ဆန့်ကျင်သည့်အနေဖြင့် နှင်းတောထဲ၌ ဖိနပ်မပါဘဲ ခရီးမိုင်ချီ အကွာအဝေးတစ်ခုကို လမ်းလျှောက် ဆန္ဒပြခဲ့သည်။

ဒိုင်ကွန်ဒီ ပြည်နယ်တွင် ထောက်ပံ့မှု ရရှိသည့် ပမာဏသည် အခြားပြည်နယ်များနှင့် နှိုင်းယှဉ်ပါက နည်းပါး လွန်းနေသည်ဟု အက်ဆန်က ပြောကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

အကူအညီပေးရေး အရာရှိများနှင့် ဒေသခံ တာလီဘန်အရာရှိများသည် ခွဲခြားဆက်ဆံမှုများ လုပ်ဆောင်နေပြီး အထောက်အပံ့များကို ၎င်းတို့၏ ဆွေမျိုးများကိုသာ ဖြန့်ဝေပေးနေကာ အမှန်တကယ်ရသင့်ရထိုက်သူများထံ ဖြန့်ဝေပေးမှု မရှိဘဲ ဖြစ်နေသည်ဟု ၎င်းက ပြောကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာရပြီးနောက် အခြေအနေသည် အကျပ်အတည်း ဆိုက်နေပြီး လူသန်းချီသည် ဆာလောင်ငတ်မွတ်မှုနှင့် စားနပ်ရိက္ခာ အကျပ်အတည်းဒဏ်ကို ကြုံတွေ့ခံစားနေရလျက် ရှိရာတွင် လူပေါင်း ၂၄ သန်းကျော်သည် အသက်ကယ် အကူအညီများ လိုအပ်နေရာ ၂၀၂၁ ခုနှစ်နောက်ပိုင်း မယုံနိုင်လောက်အောင် ၃၀ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောသည်။

အာဖဂန်နစ္စတန်တွင် စီးပွားရေးသည် ပြိုလဲကျဆင်းနေခဲ့ပြီး လူအများအပြားလည်း စားနပ်ရိက္ခာ ရှားပါးမှုနှင့် ရင်ဆိုင်နေရသလို ကြီးမားပြီး မတည်မငြိမ်ဖြစ်စေသော ဒုက္ခသည် လှိုင်းသစ်တစ်ခုကိုလည်း ပေါ်ပေါက်စေခဲ့ သောကြောင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးအတွက် ကြီးကြီးမားမား ငွေကြေးကျခံသုံးစွဲရန် လိုအပ်သည့် အခြေအေနေတစ်ရပ်ကို ဖြစ်ပေါ်လာစေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly