ပါကစ္စတန်၏ ပြည်ပကြွေးမြီ စံချိန်တင်မြင့်တက်

ပါကစ္စတန်၏ ပြည်ပကြွေးမြီ စံချိန်တင်မြင့်တက်

ပါကစ္စတန်နိုင်ငံ၏ စီးပွားရေးသည် တဖြည်းဖြည်း ပြိုလဲကျဆင်းလာနေသလို နိုင်ငံ၏ ပြည်ပကြွေးမြီ ပမာဏသည်လည်း လက်ရှိ ဘဏ္ဍာနှစ်၏ ပထမ ခုနစ်လအတွင်း အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁ ဘီလီယံအထိ စံချိန်တင် မြင့်တက်လျက်ရှိသည်။

နိုင်ငံ၏ စီးပွားရေး ဖရိုဖရဲအခြေအနေတစ်ခုသို့ ကျဆင်းနေခြင်းနှင့်အတူ အထူးသဖြင့် လက်ရှိဝန်ကြီးချုပ် အီမရန် ခန်း အစိုးရလက်ထက် Naya Pakistan Certificates အမည်ရ ငွေချေးယူမှု စာချုပ်စာတမ်းသစ်အောက်တွင် ပါကစ္စတန်သည် ယခင်ကထက် များစွာ စရိတ်ပိုမိုကြီးသော ပြည်ပချေးငွေများကိုယူရမည့် အခြေအနေတွင် ရှိနေသည်။

ထို့ပြင် ပြည်ပမြီးရှင်များကို ချေးငွေများ ပြန်လည်ပေးဆပ်ရန် ရေရှည်ထိန်းထားနိုင်သော အရင်းအမြစ်တစ်ခု ရရှိရန် အဆိုပါချေးငွေများဖြင့် မည်သည့် တန်ဖိုးရှိပစ္စည်းကိုမှ ဖန်တီးထားနိုင်ခဲ့ခြင်း မရှိဟု The Express Tribune က ဖော်ပြသည်။

ပါကစ္စတန် ဗဟိုဘဏ် (SBP) ၏ ကိန်းဂဏန်းအချက်အလက်များတွင် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံနီးပါးရှိ စရိတ်ကြီးသော ချေးငွေများ လက်ခံရရှိထားကြောင်းကို ပြသနေသည်။

၂၀၂၁-၂၂ ဘဏ္ဍာနှစ်၏ ဇူလိုင်လနှင့် ဇန်နဝါရီလအကြား ကာလအတွင်း Naya Pakistan Certificates အောက်တွင် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ချေးငွေများကို ဒေါ်လာငွေအရ အတိုးနှုန်း ၇ ရာခိုင်နှုန်းဖြင့် ရယူထားခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်းငွေကြေးဖြင့် ပြန်ပေးမှုက ၁၁ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သတင်းစာက ဖော်ပြသည်။

၂၀၂၁-၂၂ ဘဏ္ဍာနှစ်၏ ဇူလိုင်-ဇန်နဝါရီ ကာလအတွင်း စုစုပေါင်း ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၈ ဘီလီယံကို စာရင်းမှတ်တမ်းတင်ထားကြောင်း ပါကစ္စတန် စီးပွားရေးရာ ဝန်ကြီးဌာနက ဖေဖေါ်ဝါရီ ၂၃ ရက်တွင် ထုတ်ဖော်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly