တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင့်သည့် တိဘက်အရေးအခင်း အထိမ်းအမှတ်နေအဖြစ် ထိုင်ဝမ်တွင် ဆန္ဒပြပွဲများ ကျင်းပ

တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင့်သည့် တိဘက်အရေးအခင်း အထိမ်းအမှတ်နေအဖြစ် ထိုင်ဝမ်တွင် ဆန္ဒပြပွဲများ ကျင်းပ

ထိုင်ဝမ်ရှိ တိဘက်နှင့် အခြားလူ့အခွင့်အရေးအဖွဲ့များက မတ်လ ၁၀ ရက် တိဘက်အရေးအခင်း အထိမ်းအမှတ် အနေဖြင့် ဆန္ဒပြမည့်အစီအစဉ်ကို ကြေညာရန်အတွက် တိုင်ပေလွှတ်တော်ရှေ့တွင် မတ်လ ၂ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။

တိဘက်မြို့တော် လာဆာတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိနှိပ်မှုကို ၁၉၅၉ ခုနှစ်တွင်ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒပြသည့် ၆၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် မတ်လ ၁၀ ရက်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တိဘက်လူထုအုံကြွမှုနေ့အထိမ်းအမှတ်ကို ကျင်းပမည်ဖြစ်သည်။

ဒလိုင်းလားမားရုံးမှ ကိုယ်စားလှယ် ဂေဆယ် ဘာဝါအပြင်၊ လက်ရှိအာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ပါလီမန်အမတ်များဖြစ်သည့် ဒေါက်တာ လင်ချင်းယိနှင့် ဟန်စုဟန်တို့အပါအဝင် လွှတ်တော် ကိုယ်စားလှယ်အများအပြားနှင့် စွမ်းအားအသစ်ပါတီမှ အမတ် ကလျာဝမ်တို့လည်း သတင်းစာရှင်းလင်းပွဲတွင် ပါဝင်ခဲ့ကြသည်။

ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ တိဘက်နှင့် အခြားလူနည်းစုများအပေါ် တရုတ်တို့၏ ရက်စက် ယုတ်မာမှုများကို အာရုံစိုက်လာစေရန် မတ် ၅ ရက်တွင် အဓိကဆန္ဒပြပွဲတစ်ခု ပြုလုပ်ရန် စီစဉ်ထားသည်။

လူနည်းစုများနှင့် အခြားသဘောထားကွဲလွဲသည့် အတိုက်အခံများကို နှိပ်ကွပ်ခြင်းသည် တရုတ်နိုင်ငံတွင် ပုံမှန်ဖြစ်လာပြီး ဆောင်းရာသီ အိုလံပစ်ပွဲတော်ကာလများတွင်ပင် တရုတ်အာဏာပိုင်များက တက်ကြွလှုပ် ရှားသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

တိဘက်အလံနှင့် လွတ်လပ်သောတိဘက်နဖူးစည်းများဖြင့် မတ်လ ၂ ရက်တွင် စက်ဘီးစီးချီတက်ပွဲကိုလည်း ပြုလုပ်ခဲ့သည်။

ကမ္ဘာတွင် အများဆုံး ပြည်နှင်ဒဏ်ပေးမှုဖြစ်သည့် တိဘက်လူမျိုးများကို ရက်စက်ကြမ်းကြုတ်သော ညှဉ်းပန်း နှိပ်စက်မှုကို ဆန္ဒပြသူများက ပြန်လည်ဖော်ထုတ်ခဲ့ကြသည်။

မတ်လ ၅ ရက်နှင့် ၁၀ ရက်တွင် တိုင်ပေမြို့တွင် အဓိကဆန္ဒပြပွဲများပြုလုပ်ခြင်းအပြင် ယင်းပြဿနာများ အကြောင်း အသိပညာ ပေးမှုများ ပြုလုပ်ရန် တိုင်ပေမြို့၊ ကောင်းရှို့မြိုနှင့် ဟွားလန်မြို့အပါအဝင် နေရာအနှံ့အပြားတွင် စက်ဘီးစီးပွဲ များကို ပွဲစီစဉ်သူများက စီစဉ်ထားသည်။ (ANI)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly