ပြန်ပေးဆွဲမှု ဖြစ်ပွားပြီးနောက် တရုတ်အလုပ်သမားများ နိုင်ဂျီးရီးယား ဓာတ်အားပေးစက်ရုံတွင် အလုပ်မဆင်းတော့

ပြန်ပေးဆွဲမှု ဖြစ်ပွားပြီးနောက် တရုတ်အလုပ်သမားများ နိုင်ဂျီးရီးယား ဓာတ်အားပေးစက်ရုံတွင် အလုပ်မဆင်းတော့

နိုင်ဂျီးရီးယားနိုင်ငံတွင် ဇန်နဝါရီက တရုတ်လုပ်ဖော်ကိုင်ဖက် ၃ ဦးကို သေနတ်သမားများက ပြန်ပေးဆွဲခဲ့ပြီး နောက် ၇၀ဝ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်းတွင် လုပ်ကိုင်နေသည့် တရုတ်ကန်ထရိုက်တာများသည် ၎င်းတို့ ဘေးကင်းရေးကို စိုးရိမ်သဖြင့် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ကြောင်း လျှပ်စစ်ဝန်ကြီးက မတ်လ ၃ရက်တွင် ပြောကြားခဲ့သည်။

ဇန်ဂျီရုစီမံကိန်းကို နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းအလယ်တွင်တည်ရှိသည့် နိုင်ဂျာပြည်နယ်တွင် တည်ဆောက် နေပြီး တရုတ်ပို့ကုန်သွင်းကုန်ဘဏ်၏ ရန်ပုံငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖြင့် တည်ဆောက်လျက်ရှိသည်။ Sino-Hydro ကုမ္ပဏီသည် အဓိက ကန်ထရိုက်တာဖြစ်သည်။

ဇန်နဝါရီလတွင် အဆိုပါ စီမံကိန်းတွင် အလုပ်လုပ်နေသော တရုတ်အမျိုးသား ၃ ဦးကို လက်နက်ကိုင်များက ပြန်ပေးဆွဲကာ ဒေသခံ ဝန်ထမ်း ၂ ဦးကို သတ်ပစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းတို့အကြောင်း မကြားရတော့ပေ။

"သူတို့ လုပ်ငန်းခွင်ဆီပြန်လာဖို့ အခြေအနေတွေ တိုးတက်အောင် ကျွန်တော်တို့ကြိုးစားနေပါတယ်။ လုံခြုံရေး ပြဿနာတွေကို ဖြေရှင်းလို့မပြီးမချင်း တရုတ်တွေက အလုပ်မလုပ်ပါဘူး" ဟု ဝန်ကြီး အလီယူက သတင်း ထောက်များကို ပြောကြားခဲ့သည်။

ကန်ထရိုက်တာများက မည်သည့်အချိန်ကတည်းက အလုပ်ရပ်ဆိုင်းသွားသည်ကိုမူ ၎င်းက အတိအကျ မပြောကြားခဲ့ပေ။

နိုင်ဂျီးရီးယားတွင် ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်စက်ရုံဖြစ်မည့် အဆိုပါစီမံကိန်းသည် ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဟု အလီယူက ပြောကြားခဲ့သည်။

၁၇၅ မဂ္ဂါဝပ် စွမ်းရည်ရှိသော ဂျင်နရေတာ ၄ လုံးအနက် ပထမဆုံးကို ၂၀၂၂ခုနှစ် ပထမ ၃ လပတ်အတွင်း လည်ပတ်နိုင်မည်ဟု မျှော်လင့်ထားသည်။

လက်နက်ကိုင်ဂိုဏ်းများကို နှိမ်နင်းသည့် စစ်ဆင်ရေးအတွင်း လွန်ခဲ့သည့် ၃ ရက်က အနည်းဆုံး သေနတ်သမား ၂၀ဝ ထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ဂျာပြည်နယ် လုံခြုံရေးကော်မရှင်နာက မတ်လ ၃ရက်တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required