ပါတီနှင့် ပြည်သူများအပေါ် သစ္စာရှိရန် လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များအား တရုတ်သမ္မတ တိုက်တွန်း

By CGTN
09 March 2022
ပါတီနှင့် ပြည်သူများအပေါ် သစ္စာရှိရန် လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များအား တရုတ်သမ္မတ တိုက်တွန်း

တရုတ်ကွန်မြူနစ်ပါတီ (CPC) နှင့် ပြည်သူများအပေါ်အမြဲတမ်း သစ္စာစောင့်သိစောင့်ရှောက်ရန် လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များအား တရုတ်သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းလိုက်သည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်သော ရှီက ရှန်ဟိုင်းရှိ ပြည်သူ့ရဲတပ်ဖွဲမှ စာတစ်စောင်ကို ပြန်ကြားရာတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ယင်း၏စာတွင် ရှီက ပါတီ၏ သမိုင်းကြောင်းကို လေ့လာရာတွင် ဂုဏ်ယူစရာကောင်းသော အစဉ်အလာနှင့် အောင်မြင်မှုများအတွက် ရဲတပ်ဖွဲ့အား ချီးကျူးဂုဏ်ပြုခဲ့ပြီး CPC တည်ထောင်ခြင်း၏ ကြီးမားသော စိတ်ဓာတ်ကို သယ်ဆောင်သွားရန် တောင်းဆိုခဲ့သည်။

၁၉၉၈ခုနှစ်ကတည်းက ရဲတပ်ဖွဲ့ဝင်များသည် ရှန်ဟိုင်းရှိ ပထမဆုံး CPC အမျိုးသားကွန်ဂရက်၏နေရာသို့ လာရောက်လည်ပတ်သူ ၄ ဒသမ ၅ သန်းကျော်အား ပါတီ၏ သမိုင်းကြောင်းကို ရှင်းပြရန် ၎င်းတို့၏ ရက်သတ္တပတ်ကုန် အားလပ်ရက်များကို အသုံးပြုခဲ့ကြသည်။

အဆိုပါနေရာသည် CPC တည်ထောင်ခြင်းအပြင် ပါတီ၏ လွန်ခဲ့သည့်နှစ်ပေါင်း ၁၀ဝ အတွင်း အောင်မြင်မှုများ နှင့် ကြိုးပမ်းအားထုတ်မှုများကို မှတ်တမ်းတင်ထားသည့် အောက်မေ့ဖွယ်နေရာတစ်ခုဖြစ်သည်။

ပါတီ၏သမိုင်းကြောင်းကို လေ့လာရာတွင် ရဲတပ်ဖွဲ့၏ တိုးတက်မှုရှိကြောင်း ရဲအရာရှိများက သမ္မတ ရှီကျင့်ဖျင်ထံ မကြာသေးမီက အစီရင်ခံစာ ရေးသားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly