ယူကရိန်းတွင် ပိတ်မိနေသည့် ပါကစ္စတန်နိုင်ငံသား ၂,၀၀၀ ကျော် အခက်အခဲများနှင့် ရင်ဆိုင်နေရ

ယူကရိန်းတွင် ပိတ်မိနေသည့် ပါကစ္စတန်နိုင်ငံသား ၂,၀၀၀ ကျော် အခက်အခဲများနှင့် ရင်ဆိုင်နေရ

ယူကရိန်းတပ်များနှင့် ရုရှားတပ်များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပေါ်နေစဉ် ယူကရိန်းနိုင်ငံ၌ ပါကစ္စတန်ကျောင်းသားများသည် အခက်အခဲ အများအပြားနှင့် ကြုံတွေ့နေရသည်။

လက်ရှိအချိန်တွင် ပါကစ္စတန်နိုင်ငံသား ၂,၀၀၀ ကျော် ယူကရိန်း၌ ပိတ်မိနေပြီး ၎င်းတို့သည် ယခုအခါ ကယ်ထုတ်ရွှေ့ပြောင်းမှု လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ပြဿနာများနှင့် ရင်ဆိုင်နေကြရလျက်ရှိသည်။

၎င်းတို့သည် စားနပ်ရိက္ခာ ပြတ်လပ်ခြင်း၊ အချိန်မရွေး အသက်အန္တရာယ် ရှိနိုင်ခြင်း ကဲ့သို့ ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း ပါကစ္စတန် မီဒီယာက ဖော်ပြသည်။

စစ်ဖြစ်နေစဉ် ယူကရိန်း၌ ပိတ်မိနေသည့် ပါကစ္စတန်နိုင်ငံသား ၂,၀၀၀ ကျော်ကို ပြန်လည်ခေါ်ထုတ်ရေးအတွက် ကြုံနေရသည့် ပြဿနာများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ပါကစ္စတန်နိုင်ငံသားများက ပြောကြားလျက်ရှိသည်။

ထို့ပြင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ယူကရိန်းရှိ ပါကစ္စတန်သံရုံးတို့၏ ထုတ်ဖော်ပြောဆိုချက်များသည် ဖြစ်စဉ်အမှန်နှင့် မတူကွဲလွဲမှုများ ရှိနေပြီး ပါကစ္စတန်နိုင်ငံသားများနှင့် ကျောင်းသားများသည် အခက်အခဲ ဒုက္ခအများအပြားနှင့် ကြုံတွေ့နေရကြောင်း ပါကစ္စတန် မီဒီယာက ဖော်ပြသည်။

ယင်းအတွက်ကြောင့် ယခုကိစ္စကို အလေးအနက်ထား ကိုင်တွယ်စီမံရန်နှင့် တစုံတရာ ဆုံးရှုံးထိခိုက်မှုများ ဖြစ်မလာခင် မြန်ဆန်သည့် စီမံဆောင်ရွက်မှုများ လုပ်ဆောင်ရန် ပါကစ္စတန်အစိုးရကို ပြည်တွင်းမီဒီယာများက တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly