အမျိုးသားလွှမ်းမိုးဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံမှုကို တရုတ်အမျိုးသမီးများ ခံစားနေရ

အမျိုးသားလွှမ်းမိုးဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံမှုကို တရုတ်အမျိုးသမီးများ ခံစားနေရ

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အုပ်ချုပ်မှုအောက်တွင် အမျိုးသမီးများသည် အမျိုးသားများနှင့် မတူစွာ လူ့အဖွဲ့အစည်းအများစုတွင် အလွန်အမင်း ဖိနှိပ်ခံနေကြရသည်။

အမျိုးသားလွှမ်းမိုးဖိနှိပ်မှု၊ လုပ်ငန်းခွင်တွင် ခွဲခြားဆက်ဆံခံရမှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ ဌာနဆိုင်ရာ ရုံးများနှင့် ဥပဒေပြုလွှတ်တော်တွင် ပိုမိုနိမ့်ကျသောအဆင့်အဖြင့် ကိုယ်စားပြုခြင်းမှစ၍ လိင်ပိုင်းဆိုင်ရာ အားဖြင့် သိက္ခာကင်းမဲ့ရခြင်းနှင့် တရားမျှတမှုမရှိသော အလုပ်ခန့်အပ်မှုဆိုင်ရာ ကျင့်ထုံးများအထိ အမျိုးမျိုး သော ပြဿနာများသည် တရုတ်လူ့အဖွဲ့အစည်းတွင် ကြီးစိုးနေသည်။

တရုတ်နိုင်ငံတွင် အမျိုးသမီးများသည် ထိုသို့သော သိမ်ငယ်မှုများကို ကြုံတွေ့နေရသည်။ တရုတ်အာဏာပိုင်များသည် တိုင်ကြားချက်များကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်း သို့မဟုတ် သက်သေပြခိုင်းခြင်း၊ ဒဏ်ကြေး သို့မဟုတ် တန်ပြန်တိုင်ကြားချက်များဖြင့် ကာယကံရှင်များအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းဖြင့် MeToo လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိသည်ဟု The Hong Kong Post တွင် ဖော်ပြသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ကြီးထွားနေဆဲဖြစ်သော်လည်း ကျား/ မ တန်းတူညီမျှမှုကို တိုင်းတာသည့် ၂၀၂၁ Global Gender Gap ဖြင့် အကဲဖြတ်ထားသော နိုင်ငံ့စွမ်းဆောင်နိုင်မှုအရ အမျိုးသမီးများ၏ အခြေအနေမှာ ယိုယွင်းနေပြီး ကမ္ဘာ့ပျမ်းမျှအဆင့်အောက် ရောက်ရှိနေသည်။

တရုတ်နိုင်ငံရှိ အမျိုးသမီးများကို အလုပ်ခန့်သည့် ကန့်သတ်ချက်ဘောင်များမှာလည်း ဆိုးရွားလှသည်။ “ကလေးမွေးဖွားပြီးသား အိမ်ထောင်ရှင်အမျိုးသမီးတွေကိုသာ ခန့်မယ်ဆိုပြီး အလုပ်ရှာဖွေရေးဝက်ဘ်ဆိုဒ်က ကြော်ငြာတွေမှာ အတိအလင်းဖော်ပြထားပါတယ်” ဟု တရုတ်အမျိုးသမီးလုပ်သားတစ်ဦးက ဆိုသည်။

အမျိုးသမီးများ၏လုပ်အားပါဝင်မှုသည် ၁၉၉၀ ခုနှစ်တွင် ၇၃ ဒသမ ၀၂ ရာခိုင်နှုန်းရှိရာမှ ၂၀၁၉ ခုနှစ်တွင် ၆၀ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ တရုတ်အစိုးရ၏ မူဝါဒများသည် ကျားမတန်းတူညီမျှမှုကို ဆန့်ကျင်ပြီး အလွန်အမင်း ခွဲခြားဆက်ဆံကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ သုတေသီ ယာကျူဝမ်က ပြောသည်။

တရုတ်အာဏာပိုင်များသည် လူ့အဖွဲ့အစည်းအတွင်း ပျံ့နှံ့နေသော ပြဿနာများကို ဖြေရှင်းရမည့်အစား ပြဿနာများကို လမ်းကြောင်းပြောင်းကာ တိုင်ကြားမှုများနှင့် အမျိုးသမီးတက်ကြွလှုပ်ရှားသူများကို အရေးယူလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly