ဟောင်ကောင်တွင် ကလေးမွေးဖွားနှုန်း ၅၆ နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်း

ဟောင်ကောင်တွင် ကလေးမွေးဖွားနှုန်း ၅၆ နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်း

ဟောင်ကောင်တွင် ကလေးမွေးဖွားနှုန်းသည် ၂၀၂၁ခုနှစ်တွင် စံချိန်တင်ကျဆင်းခဲ့ပြီး ၁၀ စုနှစ် ၅ စုကျော် အတွင်း ပထမဆုံးအကြိမ်အဖြစ် ၄၀,ဝဝဝ အောက်သို့ ကျဆင်းသွားကာ ဟောင်ကောင်၏ သက်ကြီးရွယ်အိုများအတွက် ကျယ်ပြန့်သော အကျိုးသက်ရောက်မှုများရှိကြောင်း ကျွမ်းကျင်သူများက သတိပေး ထားသည်။

အဆိုပါ ဦးတည်ရာသည် ပညာရေး အဆင့်တိုင်းတွင် ကျောင်းအပ်မှု ကျဆင်းလာကာ အနာဂတ်တွင် လူသားအရင်းအမြစ်အပေါ် နောက်ဆုံးတွင် ထိခိုက်လာနိုင်ကြောင်း ၎င်းတို့က ပြောကြားသည်။

ကလေးငယ်များအတွက် ပညာရေးကဏ္ဍတွင် သက်ရောက်မှုအဖြစ် လက်ရှိပညာသင်နှစ်အကုန်တွင် မူကြိုကျောင်း ၇ ကျောင်း ပိတ်လိုက်ရသည်။

ပညာရေးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မူကြိုကျောင်းများကို အခြားကျောင်းတစ်ကျောင်းနှင့် ပေါင်းစည်းမည် ဟု ပြောကြားသည်။

သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာန၏ နောက်ဆုံးအချက်အလက်များအရ ၂၀၂၁ခုနှစ်တွင် ကလေး ၃၈,၆၈၄ ဦးသာမွေးဖွားခဲ့ပြီး ၂၀၂၀ပြည့်နှစ်၏ ၈ ရာခိုင်နှုန်းမှ ကျဆင်းသွားခဲ့သည်။

ယင်းအရေအတွက်သည် ၇ နှစ်ဆက်တိုက် ကျဆင်းမှု ဖြစ်သည့်အပြင် ၁၉၉၆ ခုနှစ် တွင် တရားဝင် စာရင်းကောက်ယူပြီးနောက်ပိုင်းအနိမ့်ဆုံးအမှတ်လည်းဖြစ်သည်။

ငယ်ရွယ်သူကလေးငယ်များအား ပညာသင်ကြားပေးသူများအဖွဲ့၏ ဥက္ကဌ ချောဝေချန်က ကိုဗစ်-၁၉ ကပ်ရောဂါ ပြီးဆုံးသည်အထိ ကလေးမွေးဖွားနှုန်း တိုးလာရန် အခွင့်အလမ်း အနည်းငယ်သာရှိကြောင်း ပြောကြားခဲ့သည်။

ဆားစ်ရောဂါဖြစ်ပွားသည့် ၂၀ဝ၃ ခုနှစ်ထက် လက်ရှိအခြေအနေသည် ပိုမိုဆိုးရွားသည်ဟု သူမက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly