ယူကရိန်း-ရုရှား အကျပ်အတည်းကြောင့် တရုတ်စီးပွားရေး ပိုမိုထိခိုက်နိုင်

ယူကရိန်း-ရုရှား အကျပ်အတည်းကြောင့် တရုတ်စီးပွားရေး ပိုမိုထိခိုက်နိုင်

တရုတ်နိုင်ငံ၏စီးပွားရေး နှေးကွေးနေချိန်တွင် နိုင်ငံ၏စီးပွားရေးစိန်ခေါ်မှုများသည် အဘက်ဘက်မှ တိုးလာနိုင်ပြီး ယူကရိန်း-ရုရှား အကျပ်အတည်းကြောင့် တို်င်းပြည်၏ စီးပွားရေးကို ပိုမိုထိခိုက်လာနိုင်သည်။

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ချမှတ်လာမှုနှင့်အတူ တရုတ်၏ စီးပွားရေးကိုလည်း ပိုမိုထိခိုက်လာနိုင်သလို ယူကရိန်းနိုင်ငံမှ ဆန်၊ ပဲပုပ်နှင့် အဆင့်မြင့်နည်းပညာသုံး စက်ကိရိယာများ တင်သွင်းခြင်းကြောင့် ယူကရိန်းအကျပ်အတည်းသည် ပြဿနာအသစ်များ ထပ်မံ ဖြစ်ပေါ်လာစေနိုင်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အထူးသဖြင့်မျှော်လင့်အားရဖွယ်မရှိသောစီးပွားရေး အလားအလာအတွက် စိုးရိမ်နေရသဖြင့် ယခုနှစ်နှောင်းပိုင်းတွင်ကျင်းပမည့် ၂၀ ကြိမ်မြောက် ပါတီကွန်ဂရက်တွင်ဆုံးဖြတ်မည့် တတိယသက်တမ်းအတွက် ကြိုးပမ်းမှုကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်သည်။

ကိုဗစ်ကပ်ရောဂါ၊ ကာဗွန်လျှော့ချရေးဖိအားနှင့် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုများကြောင့် ပျက်စီးခဲ့သော လုပ်ငန်းကွင်းဆက်ကို ပြန်လည်ပြုပြင်ရန်နှင့် ပြန်လည်တည်ဆောက်ရန် လိုအပ်ခြင်းကြောင့် အနာဂတ်ကာလသည် တရုတ်နိုင်ငံအတွက် ခက်ခဲနိုင်သည်ဟု The HK Postတွင် ဖော်ပြထားသည်။

အစိုးရက ပုဂ္ဂလိကနည်းပညာကုမ္ပဏီများအပေါ် စည်းမျည်းဆိုင်ရာနှိမ်နင်းမှုများကြောင့် အလုပ်အကိုင် ဈေးကွက်အတွင်း အခြေအနေများ ပိုမိုဆိုးရွားလာခဲ့သည်။

တရုတ်စီးပွားရေးလုပ်ငန်းငယ်များသည် ပိတ်သိမ်းလိုက်ရခြင်း သို့မဟုတ် အနေအထားအသင့်အတင့်ဖြင့် လည်ပတ်နေရကာ ကိုဗစ်ကပ်ရောဂါကြောင့်ဖြစ်သော ဆုတ်ယုတ်မှုမှ ပြန်လည်နာလန်ထူနိုင်ခြင်းမရှိသေးပေ။

တရားဝင်တရုတ်အချက်အလက်များအရ ၂၀၂၁ ခုနှစ် ပထမ ၁၁ လအတွင်း တရုတ်နိုင်ငံ၏ အသေးစားစီးပွားရေးလုပ်ငန်း ၄ ဒသမ ၃၇ သန်းသည် အပြီးတိုင်ပိတ်သိမ်းခဲ့ကြောင်း HK Post က ဖော်ပြခဲ့သည်။

ကိုဗစ်ဂယက်အပြင် သက်ကြီးရွယ်အိုဦးရေနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ပြန်လည် ထူထောင်ရေး နှောင့်နှေးမှုတို့ကြောင့် တရုတ်အလုပ်အကိုင်ဈေးကွက်သည်လည်း ဖိအားများကြုံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly