အိန္ဒိယနိုင်ငံသားများကို ပြန်လည်ခေါ်ယူမည့် လေယာဉ် ၄ စင်း အန္တရာယ်မရှိစေရန် ရုရှားသမ္မတ ပူတင်က တာဝန်ယူ

အိန္ဒိယနိုင်ငံသားများကို ပြန်လည်ခေါ်ယူမည့် လေယာဉ် ၄ စင်း အန္တရာယ်မရှိစေရန် ရုရှားသမ္မတ ပူတင်က တာဝန်ယူ

ယူကရိန်းနိုင်ငံတွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသားများအား ရိုးမေးနီးယားနိုင်ငံမြို့တော် ဘူချာရက်နှင့် ဟန်ဂေရီမြို့တော် ဘူဒါပက် မြို့များသို့ ကုန်းလမ်းမှ ခေါ်ယူပြီး ယင်းမြို့များမှ တစ်ဆင့် ပြန်လည် သယ်ဆောင်မည့် လေယာဉ် ၄ စင်း အန္တရာယ်ကင်းစေရေးကို ရုရှားသမ္မတ ပူတင်က တာဝန်ယူထားသည်။

ယူကရိန်း နိုင်ငံအနောက်ဖက် နယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံသားများအား ကယ်ထုတ်ရာတွင် ဘေးကင်းလုံခြုံစေရန် ရုရှားတပ်များကို ညွှန်ကြားထားပြီဖြစ်ကြောင်း သမ္မတပူတင်က ဝန်ကြီးချုပ်မိုဒီအား အာမခံပြီးနောက်တွင် ခေါ်ယူရေးအစီအစဉ် ရေးဆွဲထားခြင်း ဖြစ်ကာ ၎င်းတို့အနေဖြင့် သက်ဆိုင်ရာနိုင်ငံများသို့ ရောက်ရှိချိန်တွင် ခေါ်ယူမည့်အချိန်ကို သတ်မှတ်မည်ဖြစ်သည်။

လုံခြုံရေးဆိုင်ရာ ဝန်ကြီးအဖွဲ့ကော်မတီအစည်းကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြုလုပ်သည့်အခါ ဝန်ကြီးချုပ်မိုဒီက အခြေအနေကို ပြန်လည်သုံးသပ်သွားမည်ဟု ရင်းမြစ်များက ပြောကြားသည်။

စစ်ဘေးဒဏ်သင့်နေသည့် ယူကရိန်းမှ အိန္ဒိယနိုင်ငံသား ၁၆၀၀၀ နီးပါးကို အစိုးရစရိတ်ဖြင့် ခေါ်ယူခြင်း ဖြစ်သည်။

ပထမအသုတ်အဖြစ် ပြန်လည်ရောက်ရှိလာသည့် အိန္ဒိယနိုင်ငံသား ၂၀၀ ကို မွမ်ဘိုင်းမြို့သို့ ရိုမေးနီးယားနိုင်ငံ ဘူချာရက်မြို့တော်မှ တစ်ဆင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

အလားတူ အိန္ဒိယအလံ ထင်ရှားစွာထောင်၍ အိန္ဒိယကျောင်းသားများကိုလည်း ဘတ်စ်ကားလေးစီးဖြင့် နယ်စပ်ကို ဖြတ်ကာ ယူကရိန်းမှ ရိုမေးနီးယားသို့ ပထမအသုတ်အဖြစ် ခေါ်ယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly