ဘင်္ဂလားဒေ့ရှ်တွင် တရုတ်မှ မှောင်ခိုတင်သွင်းလာသော စီးကရက် ၁၀ သန်းကျော်ကို သိမ်းဆည်းရမိ

ဘင်္ဂလားဒေ့ရှ်တွင် တရုတ်မှ မှောင်ခိုတင်သွင်းလာသော စီးကရက် ၁၀ သန်းကျော်ကို သိမ်းဆည်းရမိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စစ်တကောင်း အကောက်ခွန်ဌာနသည် အခြားပစ္စည်းများ ပုံစံဖြင့် တင်သွင်းလာ သည့် တရုတ်နိုင်ငံမှ စီးကရက်အလိပ် ၁၅သန်း ခန့်ကို ဖေဖော်ဝါရီလ ၂၈ရက်တွင် သိမ်းဆည်းရမိခဲ့သည်။

ချည်မျှင်များဖြစ်ကြောင်း ကြေညာထားသည့် ပို့ကုန်များတွင် အခွန်နှုန်းထားကြီးမြင့်သည့် နိုင်ငံခြား စီးကရက်များ ပါဝင်ကြောင်း အကောက်ခွန် တာဝန်ရှိသူများက ပြောကြားသည်။

တရုတ်နိုင်ငံမှ စစ်တကောင်းဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ကုန်တင်သင်္ဘောတွင် မှားယွင်း ကြေညာ ထားသော ကုန်ပစ္စည်းများ ပါဝင်သည်ဟု သံသယရှိခဲ့ကြောင်း အကောက်ခွန်ဌာနမှ သတင်းရင်းမြစ်ကို ကိုးကား၍ ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

အဆိုပါ စီးကရက်များကို ကုန်သေတ္တာအတွင်းရှိ ကတ္ထူပုံး ၈ ပုံးအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly