ပင်းတယမြို့နယ် ကျုံးရဲကင်း စခန်း ဗုံးဖောက်ခွဲခံရ

By စန်းကျိန်
05 March 2022
ပင်းတယမြို့နယ် ကျုံးရဲကင်း စခန်း ဗုံးဖောက်ခွဲခံရ

မတ် ၅

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်းတယမြို့ တောင်ဘက်ရှိ ကျုံးရဲကင်း စခန်း ယမန်နေ့ မတ်လ ၄ ရက် ည ၉ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် ဗုံးနှစ်လုံး ဖောက်ခွဲ ခံရကြောင်း ဒေသခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။

''တောင်ရိုး အမျိုးသားနေ့ ဆိုတော့ ရဲကင်း အနီးနားမှာ ပွဲရှိတယ်။ ကျုံးရဲကင်းမှာ ဗုံးကွဲတော့ ပွဲထဲမှာ အက မကရတော့ပဲ လန့်ပြေးနေကြတယ်။ အဲ့ဒီနားမှာ တောင်ရိုးလူမျိုး များတယ်။ ပြီးတော့ အဲ့တစ်ဝိုက်က ကြံ့ဖွတ်တွေ နိုင်ထားတဲ့ နေရာလေ။ အထိအခိုက်တော့ မရှိဘူးလို့ ကြားတယ် ''ဟု ၎င်းက ပြောသည်။ 

အဆိုပါ ဖောက်ခွဲမှုကို မည်သည့် အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပေ။ ပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်း သေနတ်သံ အချက် ၂၀ ခန့် ဆက်တိုက် ကြားရသည်ဟု ဒေသခံများထံက သိရသည်။

ကျုံးရဲကင်း စခန်းသည် အောင်ပန်း-ပင်းတယ လမ်းမကြီးဘေးတွင် ရှိပြီး အစစ်အဆေး ကြမ်းသည်ဟု ဒေသခံများက ဆိုသည်။
#MizzimaTV
#ပင်းတယမြို့
#ရဲကင်းစခန်းဗုံးပေါက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly