လောင်းရှည်-ဆော လမ်းတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ 

လောင်းရှည်-ဆော လမ်းတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ 

မတ် ၅

မကွေးတိုင်း၊ လောင်းရှည်မြို့မှ  ဆောမြို့သို့ တက်လာသော ကား ၁၆ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း လောင်းရှည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယမန်နေ့ မတ်လ ၄ ရက် နံနက် ၉ နာရီတွင် တာဝေးပစ် လက်လုပ် သေနတ်ဖြင့် အဝေးမှ ပစ်ခတ် တိုက်ခိုက်ခြင်း ဖြစ်ပြီး အထိအခိုက်ကို သေချာ အတည် မပြုနိုင်ဟု ၎င်းက ဆိုသည်။

“ စစ်သားက ၂၀၀ နီးနီး  ပါတယ်ဗျ ။  မိုင်းဆွဲမှာ ကြောက်လို့ ကားပေါ်ကနေ မလိုက်ကြဘူး။ လမ်းဘေးကို တပ်ဖြန့်ပြီး ရှေ့ပြေးထားတာဗျ။ ကားတွေက နောက်က လိုက်လာတာ” လောင်းရှည် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

မတ်လ ၃ ရက်နေ့ ကလည်း အဆိုပါ  စစ်ကောင်စီ ယာဉ်တန်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးထက် မနည်း ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် အဆိုပါ စစ်ကောင်စီ ယာဉ်တန်းသည် ဆောမြို့သို့ ရောက်ရှိနေသည်ဟု ဆိုသည်။

#MizzimaTV
#လောင်းရှည်မြို့နယ်
#ယာဉ်တန်း တိုက်ခိုက်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly