ပါကစ္စတန် လာဟိုးမြို့တွင် မြေအောက်ရေ လျော့နည်းလာခြင်းက စိုးရိမ်ပူပန်စရာ ကိစ္စဖြစ်လာ

ပါကစ္စတန် လာဟိုးမြို့တွင် မြေအောက်ရေ လျော့နည်းလာခြင်းက စိုးရိမ်ပူပန်စရာ ကိစ္စဖြစ်လာ

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် ယခုအခါ မြေအောက်ရေပမာဏသည် ဆက်တိုက်လျော့နည်း ကျဆင်းလာသည့်အတွက် နောက်မျိုးဆက်များအတွက် သန့်ရှင်းပြီး သောက်သုံးနိုင်သော ရေရှားပါးမှု ပြဿနာတစ်ခုကို ဖြစ်ပေါ်စေနိုင်သည်ဟု ပန်ဂျပ်ပြည်နယ်အစိုးရ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

မြေအောက်ရေ လျော့နည်းခြင်းသည် ရေထဲတွင် အာဆင်းနစ်ပမာဏကို တိုးလာစေကာ သောက်သုံးနိုင်သည့် အခြေအနေတွင် ဆက်ရှိတော့မည် မဟုတ်ပေ။

ပြီးခဲ့သည့် နှစ် ၄၀ ကြာကာလအတွင်း မြေအောက်ရေပမာဏသည် လျော့ကျလာခဲ့ရာမှ ယခုအခါ စိုးရိမ်ဖွယ်ရာ အဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

လာဟိုးမြို့ ရေနှင့် ရေဆိုးနုတ်စနစ် အေဂျင်စီ (WASA) ၏ ၁၉၈၀ တွင် ကောက်ယူခဲ့သည့် မှတ်တမ်းများအရ ယင်းအချိန်က လာဟိုးမြို့တွင် ရေပမာဏသည် ၁၅ မီတာ ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။

“ကျွန်တော်တို့ ပါကစ္စတန်မှာက ကျွန်တော်တို့ရဲ့ ရေနဲ့ ဆက်စပ်တဲ့ စီမံကိန်းတွေနဲ့ပတ်သက်လို့ အများသဘောဆန္ဒ ရယူရင်း၊ တရားရုံးတွေကို အကြောင်းပြန်ရင်းနဲ့ပဲ အလုပ်ရှုပ်နေဆဲ ဖြစ်နေချိန်မှာ အိန္ဒိယဘက်မှာတော့ တကယ့် တိုးတက်မှုတစ်ခုကို ရရှိနေပါတယ်” ဟု ပန်ဂျပ်ပြည်နယ်အစိုးရက ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်းအစိုးရထံ တင်ပြသည့် အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။

မြေအောက်ရေ ပြန်လည်ဖြည့်တင်းမှုအတွက် အဓိရင်းမြစ်ဖြစ်သည့် မြစ်များ၏ အခြေအနေဆိုးရွားလာခြင်းသည် လာဟိုးမြို့၏ ရေရရှိမှုအတွက် အကျပ်အတည်းတစ်ခုဆီသို့ ဦးတည်လျက် ရှိကြောင်း အစီရင်ခံစာတွင် သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly