တရုတ် အင်တာနက် လွတ်လပ်ခွင့်ကို မသိနားမလည်ခြင်းကြောင့် အမေရိကန်ဖွား တရုတ်နိုင်ငံ ကိုယ်စားပြု အိုလံပစ်ကစားသမား ပြစ်တင်ဝေဖန်ခံနေရ

တရုတ် အင်တာနက် လွတ်လပ်ခွင့်ကို မသိနားမလည်ခြင်းကြောင့် အမေရိကန်ဖွား တရုတ်နိုင်ငံ ကိုယ်စားပြု အိုလံပစ်ကစားသမား ပြစ်တင်ဝေဖန်ခံနေရ

အိလင်းဂူသည် အမေရိကန်အတွက် မဟုတ်ဘဲ တရုတ်နိုင်ငံကိုယ်စားပြုအိုလံပစ်ကစားသမားအဖြစ် ယှဉ်ပြိုင်မည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း သူမအနေဖြင့် အငြင်းပွားဖွယ်အခြေအနေနှင့် များစွာ ကြုံတွေ့ခဲ့ရသည်။

၂၀၂၂ခုနှစ် ပေကျင်းအိုလံပစ်ဆောင်းရာသီအားကစားပွဲတော်တွင် ကယ်လီဖိုးနီးယားတွင် မွေးဖွားခဲ့သော စကိတ်သမား အီလင်းဂူသည် အိုလံပစ်တွင် အလွတ်တမ်း စကိတ်စီးပွဲများတွင် ရွှေတံဆိပ် ၂ ခုနှင့် ငွေ ၁ ခုရရှိခဲ့ကာ အောင်ပွဲခံခဲ့သောကြောင့် တရုတ်တွင် နာမည်ကျော်အားကစားသမားတစ်ယောက်ဖြစ်လာခဲ့သည်။

သူမ၏ ဘဝအပေါ် အင်တာနက်တွင် စိတ်ဝင်စားမှု တိုးပွားလာချိန်တွင် တရုတ်နိုင်ငံ၏ ဆင်ဆာဖြတ်တောက်မှု ဥပဒေများကို ခုခံကာကွယ်သည့် ၎င်း၏ မှတ်ချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ပေကျင်းအားကစားပွဲတော်ကာလအတွင်း သူမ၏ Instagramအကောင့်တွင် အီလင်းဂူက ပို့စ်များ ပုံမှန်တင်လေ့ရှိသည်။

တရုတ်နိုင်ငံတွင် သန်းနှင့် ချီသည့် တရုတ်နိုင်ငံသားများက Instagramကို အသုံးပြု၍မရချိန်တွင် သူမနေဖြင့် မည်ကဲ့သို့ အသုံးပြုခွင့်ရနေသနည်းဟူသော မေးခွန်းများကို မှတ်ချက်များတွင် အချို့တရုတ်နိုင်ငံသားများက မေးမြန်းခဲ့ကြကြောင်း HK Post က ဖော်ပြခဲ့သည်။

အီလင်းက ယင်းကို ရိုးရှင်းသော မေးခွန်းတစ်ခုအဖြစ် မြင်ပြီး မည်သည့်အက်ပ်ပလီကေးရှင်းစတိုးတွင်မဆို အခမဲ့ ဒေါင်းလုဒ်လုပ်နိုင်သည့် Virtual Private Network (VPN) ကို အသုံးပြုခြင်းဖြင့် အင်တာနက် ကန့်သတ်ချက် များကို လွယ်လွယ်ကူကူ ကျော်လွှားကြောင်း တုံ့ပြန်ခဲ့သည်။

ယင်းမှတ်ချက်ပြုသည်ကို စခရင်ရှော့ထားသည့် ပုံများသည် မကြာမီတွင် တရုတ်တွစ်တာဖြစ်သော Weiboတွင် ပျံ့နှံ့သွားခဲ့ပြီး တရုတ်နိုင်ငံသား အများအပြားက အီလင်း၏ မှတ်ချက်သည် မည်မျှပင်နုံချာကြောင်းနှင့် သူမ၏ အခြေအနေအစစ်အမှန်ကို မသိနားမလည်မှုကို မကျေမနပ်ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်ဟု HK Post က ဆိုသည်။

နာမည်ကျော်စကိတ်သမား၏ မသိနားမလည်မှု မှတ်ချက်ကို ဖော်ပြ၍ တရုတ်နိုင်ငံတွင် VPN များကို တရားဝင် ခွင့်ပြုထားသည့်ထက် ကျော်လွန်၍ ပိတ်ပင်ထားပြီး အစိုးရက VPN အသုံးပြုသူများကို ဒဏ်ကြေးများများပြားစွာ ချမှတ်နိုင်သောကြောင့် လူအများက VPN ကို အသုံးပြုရန် ခက်ခဲကြောင်းကို ထောက်ပြခဲ့ကြ သည်။

Great Firewall ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Facebook၊ Twitter၊ Instagramနှင့် WhatsAppအပါအဝင် အဓိက ဆိုရှယ်မီဒီယာအက်ပ်ပလီကေးရှင်းများအားလုံးနီးပါးကို တရုတ်နိုင်ငံတွင် ပိတ်ပင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly