အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားသည့် ​​ရွေး​ကောက်ပွဲအမှု UECက ဒုညွှန်ချုပ်ကို စစ်​ဆေး

အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲထားသည့် ​​ရွေး​ကောက်ပွဲအမှု UECက ဒုညွှန်ချုပ်ကို စစ်​ဆေး

မတ်လ ၄ ရက်

နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် သုံးဦးကို စွပ်စွဲထားသည့် ​ရွေး​ကောက်ပွဲအမှုတွင် စစ်​ကောင်စီလက်​အောက်ခံ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်မှ ဒုတိယညွှန်ကြား​ရေးမှူးချုပ် ဦးစိုင်း​ကျော်သူကို တရားလိုပြသက်​သေအဖြစ် ယ​နေ့ရုံးချိန်းတွင် စစ်​ဆေးခဲ့​ကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ် အ​ထွေ​ထွေ ​ရွေး​ကောက်ပွဲတွင် ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်ကို မ​လျော်သြဇာလွမ်းမိုးသည်ဟု စွပ်စွဲချက်ဖြင့် UEC ညွှန်မှူး ဦး​အောင်မျိုးလွင်က အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ပြည်​ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို ပုဒ်မ ၁၃၀(က)ဖြင့် တရားစွဲထားသည့်အမှုကို စစ်​​ဆေးခဲ့ခြင်းဖြစ်သည်။

ယ​နေ့ တရားလိုပြသက်​သေ ဦးစိုင်း​ကျော်သူကို ပြန်လှန်စစ်​မေးပြုလုပ်ခဲ့ပြီး ​စစ်​​ဆေးမှုမပြီးပြတ်​သေးသည့်အတွက် နောက်ရုံးချိန်းတွင်လည်း ၎င်းကိုပင် ဆက်လက်စစ်​ဆေးသွားမည်ဖြစ်​ကြောင်း တရားရုံးနှင့် နီးစပ်သူက​ပြောသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရုံးချိန်းကိစ္စများ မီဒီယာ​များကိုဖြေကြား​ပေး​နေသည့်​ရှေ့​နေများမှာ မီဒီယာ​ဖြေဆိုခွင့်ပိတ်ပင်ခံထားရသည့်အတွက် အဆိုပါ လိုပြသက်​သေ၏ ထွက်ဆိုချက်အ​သေးစိတ်ကို ​မသိရှိရ​ပေ။

ယ​နေ့ စစ်​ဆေးသည့်အမှုမှာ ​ဒေါ်​အောင်ဆန်းစုကြည်ကို စွဲဆိုသည့် ၁၇မှု​​မြောက် အမှုဖြစ်ပြီး ပြစ်မှုထင်ရှား​ကြောင်း တရားရုံးက ဆုံးဖြတ်ပါက ထောင်ဒဏ် သုံးနှစ်အထိဖြစ်​စေ၊ ​ငွေဒဏ်ဖြစ်​စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်​စေ ချမှတ်နိုင်သည်။

အမှုကို အပတ်စဥ် ​သောကြာ​နေ့တိုင်း ​နေပြည်​တော်​ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် စစ်​ဆေးသွားမည်ဖြစ်ပြီး တရားလို ဦး​အောင်မျိုးလွင်အပါ အဝင် တရားလိုပြသက်​သေ ၂၂ဦးရှိ​ကြောင်း သိရသည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်အ​နေဖြင့် အမှု​ပေါင်း ၁၇မှုဖြင့် တရားစွဲခံထားရပြီး အမှုငါးမှုအတွက် ​ထောင်ဒဏ် ​ခြောက်နှစ်ကျခံ​နေရသည့်အပြင် ​အဂတိတစ်မှုဖြင့် ထပ်တိုးအမှုဖွင့်ခံထားရ​​သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required